ဒီတစ်ခေါက်မှာတော့ စီအမ် ပရိတ်သတ်ကြီးအတွက်ဇွန်လ ၅ ရက်နေ့ကမှ ထွက်ထားတဲ့ဇာတ်ကြမ်းကား တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်ကားက ဂရေဟမ် ဘရစ် ရယ် ရှဲဘီ ဒူပရီး ရယ် ကီဗင် ကတ်ရှ် တို့ က ရဲ့အကွက်ချပြီး ဘဏ်တိုက်ဖောက်ဖို့ကြိုးစားတဲ့ ဇာတ်ကားဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကိုပြောရရင် ဂရေဟမ် ဘရစ်ကတစ်ယောက်တည်းကျန်ခဲ့တဲ့ ကြေးစားလူမိုက်လိုဖြစ်နေတာသူ့ကို ဒူမိုးရစ် မိသားစုက လိုက်သတ်နေတယ်ဒူမိုးရစ် ရဲ့ သားက ကီဗင်ကတ်ရှ်ဒီကောင်ကလည်းသူ့အဖေနဲ့ ရန်သူလိုဖြစ်နေတာ သူ့ကောင်မလေးကဒူပရီး အဲ့ဒီအချိန်မှာ အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကလည်း မကောင်းဘူးပြည်သူတွေကို အေပီအိုင် ဆိုတဲ့အာရုံကြောကိုထိန်းချုပ်နိုင်တဲ့ စနစ်တစ်ခုကို အစိုးရကအကောင်အထည်ဖော်နေတယ် ဒါကိုပြည်သူတွေက လက်မခံဘူးဆန္ဒတွေပြကြတယ် ကနေဒါကို ထွက်ပြေးကြတယ်ထွက်ပြေးတဲ့သူတွေကို အစိုးရကဖမ်းတယ်ထောင်ချတယ် အဲ့ဒီအခါ ပိုပြီး ဆန္ဒပြမှုတွေပြင်းထန်လာတယ်ဒါကို အစိုးရကလည်း လက်မလျော့ဘူး ဆက်ပြီးအကောင်အထည်ဖော်တဲ့ အေပီအိုင် စနစ် ချပ်စ် ပြားလေးကိုလူတွေရဲ့ဉီးနှောက်ထဲထည့်ရင် လူတွေ ရာဇဝတ်မှုကျူးလွန်လို့မရတော့ဘူး ကျူးလွန်ရင် အဲ့လူရဲ့ခေါင်းထဲကအေပီအိုင်စနစ်ကို အစိုးရက လိုသလို သုံးနိုင်တယ် အသေတောင်သတ်ပစ်နိုင်တယ်အဲ့ဒီ့ ထိန်းချုပ်မှုကနေ ပြည်နယ်တစ်ခုလုံးဆူပူအုံကြွမှုတွေ ပစ်ခတ်မှုတွေ ဖြစ်နေတဲ့အချိန်မှာအပေါ်က ဘရစ်တို့ ၃ ယောက်က ဘဏ်ကိုဖောက်ပြီးပိုက်ဆံတွေယူဖို့ မာစတာ ပလန်ကိုချတယ် ပြီးရင်သူတို့ကနေဒါကိုထွက်ပြေးကြမယ်ပေါ့ဒါကသူတို့ စီစဉ်ထားတာ သူတို့ရဲ့ အစီအစဉ်တွေအထမြောက်သွားမလား ကျရှုံးသွားမလားဆိုတာကတော့ကိုယ်တိုင်ကြည့်ရှုလိုက်ပါတော့ဒီဇာတ်ကားက တကားလုံးနီးပါးကိုကြမ်းတဲ့ ဇာတ်ကားပါထင်မှတ်မထားတဲ့ လှည့်ကွက်လေးတွေပါတာမို့ကြည့်လို့ ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲPG – 13 သတ်မှတ်ထားတာမလို့ကလေးငယ်တွေအနေနဲ့ အုပ်ထိန်းသူမပါဘဲမကြည့်သင့်ပါဘူးဒါပေမယ့် ဇတ်ကြမ်းကားကြိုက်တဲ့သူတွေအတွက်တော့ သဘောကျစရာဇာတ်ကားတစ်ကားဖြစ်မှာပါ