Ninja: Shadow of a Tear FHD

Ninja: Shadow of a Tear

Action Crime Thriller FHD 2013-12-27 6.643 95 Min

IMDb rating 6.2/10 ရရှိထားတဲ့ ဒီဇာတ်ကားလေးကတော့ကျွန်တော်(စိုးထွေး)ရဲ့ဘာသာပြန်(၁၂)ကားမြောက်ကားလေးဖြစ်လာပါပြီ။ Channel Myanmarကိုရောက်လာတာလည်း(၂)လကျော်(၃)လလောက်တော့ရှိပါတော့မယ်။ဟိုနေ့ကကျွန်တော့်မွေးနေ့ကိုအားတက်သရောဆုတောင်းပေးကြတဲ့cmရဲ့အမျိူ းတွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်ဒီဇာတ်ကားလေးဟာကျွန်တော်အမြဲဘာသာပြန်နေကျဇတ်ကားလေးလိုပါပဲ အက်ရှင်ကာင်းတစ်ကားပါ။ဒီဇတ်ကားလေးက အပိုင်း(၂)ပါ . ပါဝင်တဲ့မင်းသားကUndisputed ဇာတ်ကားထဲကမင်းသားရယ် Tekken 2ထဲကမင်းသားရယ်ဖြစ်တာကြောင့်မကောင်းမှာပူစရာမလိုတော့ပါဘူး။(ဇာတ်လမ်းကမြန်မာပြည်ကိုအင်္ဂလိပ်တွေအုပ်စိုးစဉ်ကအင်္ဂလိပ်တွေနဲ့ဂျပန်တွေအကြောင်းကနေပြီးစတင်ထားပါတယ်နင်ဂျာဘယ်ကနေဆင်းသက်လာတယ်ဆိုတာကိုလည်းပြောပြထားပါတယ်။ဂျပန်နိင်ငံမှာအိမ်ထောင်ကျနေတဲ့အမေရိကန်လူမျိူ းကေစီရယ်သူရဲ့ဇနီးနာမီကိုရယ်တစ်နေ့မှာနာမီကိုအသတ်ခံခဲ့ရတဲ့အခါမှာဘယ်သူကနာမီကိုကိုလုပ်ကြံခဲ့တာလဲ။ ဇနီးသည်သေဆုံးပြီးနောက်ကေစီဟာသူနဲ့ရန်ညိုးရှိတဲ့လူတွေဂိုဏ်းတွေဆီသွားပြီးတိုက်ခိုက်ပုံ ပြီးတော့ထိုင်းနိင်ငံမှာရောက်နေတဲ့စီနီယာဆီကိုသွားပြီးနာမီကိုသေဆုံးတာကိုစုံစမ်းပုံလူသတ်သမားဟာမြန်မာပြည်ထဲမှာရှိတယ်ဆိုလို့မြန်မာထိကိုသွားပြီးလုပ်ကြံပုံစသဖြင့်ကေစီရဲ့အက်ရှင်အလန်းတွေကိုကြည့်ရမှာပါဇာတ်ကားစဆုံးအက်ရှင်ခန်းတွေနဲ့လှည့်ကွက်တွေလည်းပါဝင်တာကြောင့်ပရိတ်သတ်တွေလက်မလွတ်သင့်ဘူးလို့ပြောချင်ပါတယ်။