Black Sea HD

Black Sea

Drama Thriller Adventure HD 2014-12-05 6.251 115 Min

ရေတပ်ကပ္ပတိန်ဟောင်းဖြစ်သူ ရော်ဘင်ဆင်ဟာ သူလက်ရှိအလုပ်လုပ်နေတဲ့ အာဂိုရာဆိုတဲ့ ကုမ္ပဏီကနေ အလုပ်ထုတ်ခံခဲ့ရပြီး သူ့ရဲ့ ဇနီးနဲ့လည်း ကွာရှင်းထားခဲ့တဲ့သူဖြစ်ပါတယ်. နောက်တော့ သူ့ရဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ကာစတန်က ဂျော်ဂျီယာရေပိုင်နက်ထဲက ပင်လယ်နက်ထဲမှာ နစ်မြုပ်နေတဲ့ ဒုတိယကမ္ဘာစစ်က ပျောက်ဆုံးနေတဲ့ ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ ရွှေချောင်းတွေကို သွားသယ်ဖို့ ထူးဆန်းတဲ့ လူတစ်ယောက်နဲ့အတူတူ ပူးပေါင်းပြီး ရေငုပ်သင်္ဘောတစ်စီးနဲ့အတူတူ အန္တရာယ်များလွန်းတဲ့ ပင်လယ်နက်ထဲကို အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီး သွားကြပါတော့တယ်.ဘာတွေဆက်ဖြစ်ကြမလဲ. လူတွေရဲ့ စိတ်ရင်းအမှန်က ဘာတွေလည်းဆိုတာကိုတော့ ဇာတ်လမ်းကို ဆက်ပြီး ကြည့်ရှုခံစားကြဖို့ တိုက်တွန်းချင်ပါတယ်. ၂ နာရီစာ ဇာတ်လမ်းတစ်လျှောက်လုံး စိတ်ဝင်စားစရာတွေနဲ့ လူတွေရဲ့ သဘာဝတွေကို မြင်သာအောင် ရိုက်ပြထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဆိုလည်း မှားမယ်မထင်ပါဘူး.