August Rush FHD

August Rush

Drama Family Music FHD 2007-11-21 7.398 114 Min

ဒါရိုက်တာ Kirsten Sheridan ရိုက်ကူးထားပြီး IMDb Rating 7.5 အထိ ရရှိထားတဲ့ Drama နဲ့ Music ရောစပ်ထားတဲ့ဇာတ်ကားကောင်း တစ်ကားမို့ CM ချစ်သူများအတွက်မှတ်မှတ်ရရ တင်ပေးလိုက် ပါတယ်။2007 ခုနှစ်က ထွက်ရှိထားပြီး ကြည့်ရှုသူများအဖို့ဇာတ်လမ်းအစကနေ အဆုံးထိ music ရသကို ခံစားစေရင်းကလေးငယ်တစ်ယောက်ရဲ့ မိဘကိုမျှော်လင့်တောင့်တမှုနဲ့စိတ်အားထက်သန်မှုတွေကို ခံစားမှုအပြည့်ပေး စွမ်းနိုင်တဲ့ဒရမ်မာ ဇာတ်ကားကောင်းတစ်ကားပါ။ ဒီဇာတ်လမ်းမှာ ကလေးငယ်လေးအီဗန် ( Freddie Highmore ) ရဲ့ ဂစ်တာကို ကျွမ်းကျင်စွာတီးခတ်ပြသမှုကလည်းကျွန်တော်တို့လို music ကို ရူးသွပ်သူအဖို့ ရုပ်ရှင်ကြည့်ရင်းဂီတရသကို မက်မောစွာကြည့်ရှုနေမိစေတယ်။အမှတ်မထင်တွေ့ရှိခဲ့တဲ့ လူးဝစ် နဲ့ လိုင်လာ တို့ရဲ့ မြင်မြင်ချင်းချစ်သွားတဲ့ အချစ် . အဲ့ဒီညမှာပဲ ချစ်တင်းနှောခဲ့မှုနဲ့ တစ်ညလေးတွေ့ခဲ့တဲ့ လူနှစ်ယောက်ရဲ့တစ်ယောက်အပေါ် တစ်ယောက် စွဲစွဲလမ်းလမ်းချစ်ခင်မှုဟာ အရမ်းကိုအံ့သြစေပြီး ကံကြမ္မာရဲ့လှည့်ပြောင်းမှုအောက်မှာပဲ ဖြစ်ပျက်ခဲ့တဲ့ ကြေကွဲဖွယ်ရာအချစ်ဇာတ်လမ်းဟာ ဒီဇာတ်ကားရဲ့ ပြောင်မြောက်တဲ့ အပိုင်းထဲကတစ်ချက်လို့လည်းပြောလို့ရပါတယ်။