ဒုတိယကမ္ဘာစစ်ပြီးခါနီးကာလ ရုရှားစစ်သားတွေ ဂျာမနီရွာလေးတစ်ရွာမှာရှိတဲ့ လျို့ဝှက်ဓါတ်ခွဲခန်းထဲ မျှားခေါ်ခံလိုက်ရပြီး သိပ္ပံပညာရှင် ဗစ်တာဖရက်ကန်စတိုင်းတစ်ယောက်တီထွင်ထားတဲ့လူ့တစ်ပိုင်းသံတစ်ပိုင်းတွေနဲ့ ရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ်ဒါပေမယ့် ဒီလျို့ဝှက်ဓါတ်ခွဲခန်းကိုဘယ်သူကမျှားခေါ်ခဲ့တာလဲ ဒီဟာတွေရဲ့နောက်ကွယ်မှာ ဘာရည်ရွယ်ချက်တွေရှိလဲဆိုတာတွေကိုဘယ်သူမှမသိခဲ့ရပါဘူးသိပ္ပံပညာရှင် ဗစ်တာဖရက်ကန်စတိုင်းဟာလည်း သူ့အဖိုး အဖေတွေရဲ့ နည်းတွေကနေ သွေဖယ်ပြီး ဘာရည်ရွယ်ချက်ကြောင့် ဒီလို လူတစ်ပိုင်းသံတစ်ပိုင်းအရာတွေကို တီထွင်နေရလဲဆိုတာတွေကို ရိုက်ကူးပြသထားတဲ့ သည်းထိတ်ရင်ဖိုကားကောင်းလေးပဲဖြစ်ပါတယ် ။