Urban Legends: Final Cut ဟာ Urban Legends ဇာတ်ကား တွဲတွေရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်ပါတယ်။ နာမည်ကျော် ရုပ်ရှင်ကျောင်းတစ်ကျောင်းဖြစ်တဲ့ အယ်လ်ပိုင်းတက္ကသိုလ်ကျောင်းသူအေမီမေဖီးလ်ဟာ ကျောင်းကိုတင်သွင်းရမယ့် Thesis ဇာတ်ကားအတွက် ပါးစပ်ရာဇဝင်တွေထဲကပုံစံအတိုင်း လူသတ်မှုတွေ ကျူးလွန်တဲ့ လူသတ်သမားအကြောင်းရိုက်ဖို့စိတ်ကူးရပြီး အကောင်အထည်ဖော်ဖြစ်ခဲ့ပါတယ်။ ဇာတ်ကားစတင်ရိုက်ကူးချိန်ကစလို့ သူ့သူငယ်ချင်းတွေ ရိုက်ကူးရေး အဖွဲ့ဝင်တွေဟာ ရုပ်ရှင်ထဲကလိုနည်းလမ်းတွေနဲ့ တစ်ဦးပြီးတစ်ဦးသေဆုံးလာခဲ့ချိန်မှာတော့ ဒီအမှုတွေရဲ့နောက်ကွယ်က လက်သည်ကိုကိုယ်တိုင်ဖော်ထုတ်ဖို့ဖြစ်လာပါတော့တယ်။ ထုံးစံအတိုင်း သွေးထွက်သံယိုပြကွက်တွေ လှည့်ကွက်တွေနဲ့ သည်းထိတ်ရင်ဖိုခံစားရမယ့် old but gold တစ်ကားပါပဲ။