Frogman HD

Frogman

Horror HD 2023-08-19 6.2 80 Min

ဒါးလက်စ်ကိုင်းလ်ဆိုတဲ့10 နှစ်သားလေးဟာဗွီဒီယိုရိုက်ရတာဝါသနာပါသူဖြစ်ပြီး သွားလေရာကိုကင်မရာတစ်လုံးကိုင်မှတ်တမ်းတင်တတ်သူပါ.ဒါးလက်စ်တို့ မိသားစုခရီးထွက်ရင်း လမ်းမှာ Lovelandဆိုတဲ့ မြို့ကိုရောက်တော့ ​ကားခဏရပ်ချိန်မှာဒါးလက်စ်ဟာ ထူးဆန်းတဲ့သတ္တဝါ​ကြီးကို​ရိုက်ကူးနိုင်လိုက်ပါတယ်..အဲဒါကြီးကတော့ အဲဒီဒေသရဲ့နာမည်ကျော် ဖားလူသားကြီးပါပဲဒီဗွီဒီယိုကလစ်ဟာပျံ့သွားပြီးနောက် နှစ်ပေါင်း​20ကျော်အကြာမှာတော့ ဒါးလက်စ်ရိုက်မိခဲ့တာဟာ အတုကြီးပါလုပ်ကြံဖန်တီးထားတဲ့ကလစ်ပါဆိုပြီး လူပြောများလာပါတော့တယ်..ဒါကိုမခံချင်တဲ့ ဒါးလက်စ်ဟာသူမြင်ခဲ့တာဟာ အစစ်အမှန်ဖြစ်ကြောင်းသက်သေပြဖို့ကြိုးစားလာပါတော့တယ်..နောက်တနေ့မှာတော့ဒါးလက်စ်ဟာသူငယ်ချင်းနှစ်ယောက်နဲ့အတူLoveland ကိုပြန်သွားပြီးသက်သေရှာဖို့ကြိုးစားကြပါတယ်.ဒေသခံလူတွေကို လိုက်မေးမြန်းစုံစမ်းရင်း ဖားလူသားနဲ့ပတ်သက်တဲ့အကြောင်းတွေကို အမျိုးမျိုးကြားသိခဲ့ရပြီးဖားလူသားက ဘာလဲဆိုတာ​ဒါးလက်စ်တို့ရှာပုံတော်ဖွင့်ပါတော့တယ်..သူတို့ရဲ့​စွန့်စားခန်းမှာဘာတွေကြုံတွေ့ရမလဲ..ဖားလူသားဆိုတာကရောတကယ်ရှိလား…သူကဘာလဲ နတ်ဆိုးလား​ဂြိုလ်​သားလားလူတွေလုပ်ကြံဖန်တီးထားတာသက်သက်ပဲလားဆိုတာကိုတော့………….