Alvin and the Chipmunks: Chipwrecked HD

Alvin and the Chipmunks: Chipwrecked

Comedy Family Fantasy Music Animation HD 2011-12-14 5.707 87 Min

ဇာတ်လမ်းလေးကတော့ Brittany Jeanette နဲ့ Eleanor တို့ကိုပါIan လက်ကနေကယ်ပြီး Alvin တို့တစ်မိသားစုလုံး အပျော်စီးသင်္ဘောနဲ့ အပန်းဖြေခရီးထွက်တဲ့အချိန်မှာစပါတယ်။ ထိန်းရမယ့်လူပိုများလာလို့ Dave တစ်ယောက် လက်မလည်ဖြစ်နေချိန်မှာ Alvinဆိုတာကတော့ သိတဲ့အတိုင်း တောင်ဆို မြောက်ရောက်နေပါပြီ။အပျော်ကနေ အပျက်ဖြစ်လွန်းတဲ့ Alvin ကို ကပ္ပတိန်ဆီပြန်ချွန်ဖို့သင်္ဘောဝန်ထမ်းအနေနဲ့ပါလာတဲ့ Ian ကလည်း မျက်စိဒေါက်ထောက်ကြည့်နေပါပြီ။Ian အကြံအောင်မြင်သွားတဲ့အခါမှာတော့ ဆော့လွန်းပါတယ်ဆိုတဲ့Alvin တို့တစ်သိုက်ခမျာ ဆော့နည်းပေါင်းစုံပိတ်ပင်ခံလိုက်ရပါတော့တယ်။ မခေသူလေးကလည်း ” Alvin တဲ့ကွ ထိန်းလို့မရစေရဘူး ”ဆိုတဲ့အကွက်နဲ့ ကစားစရာစွန်ကိုပါစီးပြီး ဆော့ရာကနေ စီးတဲ့လူရောကြိုးဆွဲပေးတဲ့ ကျန် ၅ ယောက်ပါ လေလွင့်သူတစ်သိုက်အဖြစ် ….ကိုယ်ထိန်းတဲ့ကလေးတစ်သိုက် လေထဲပါသွားတာတွေ့မှ Dave လည်းနောက်ကလိုက်ဖို့ပြင်ပါတော့တယ်။ ဒါပေမယ့် Dave အဖြစ်က Alvinတို့ထက်တောင် ပိုဆိုးတယ်လို့ ပြောလို့ရပါတယ်။ Ian လည်း Dave နဲ့အတူ သင်္ဘောပေါ်ကပြုတ်ကျပြီး ဇနကဇာတ်ကို ဖရီးကရလိမ့်မယ်လို့ထင်ထားမှာမဟုတ်ပါဘူး။ ဒီလိုနဲ့ ….. ပင်လယ်ထဲအထိ ကြိုးစားပမ်းစားလိုက်ရှာပြီးလို့ မိသားစုတွေ ပြန်ဆုံမိတဲ့အချိန်မှာမှ မထင်မှတ်ထားတဲ့ဗီလိန်က ထွက်ပေါ်လာခဲ့ပါတော့တယ်။