Love Will Tear Us Apart HD

Love Will Tear Us Apart

Drama Romance HD 2021-05-20 6.5 105 Min

june10,2021မှာ ထွက်လာတဲ့ ရင်နင့်အောင်ခံစားရပြီး လူကြိုက်များလှတဲ့အချစ်ဇာတ်ကားကောင်းလေးတစ်ပုဒ်ပါ… ၁၀နှစ်ကြာ ငါနဲ့အတူရှိနေခဲ့တဲ့သူမကမနက်ဖြန်လက်ထပ်တော့မယ်…….. ငါလိုချင်တာငါတို့အတူရှိနေဖို့ပဲ…..မင်းငါ့ကိုမလိုချင်တော့တာကလွဲရင် ငါကမင်းကိုဘယ်တော့မှပစ်ပယ်မှာမဟုတ်ဘူး…ငါမင်းကိုချစ်ခဲ့မိလို့ဘယ်တော့မှနောင်တမရဘူး….. လွီချင်းယန်ဟာလင်ယီးယောင်ဆိုတဲ့ကောင်မလေးကို အထက်တန်းကျောင်းသားဘဝမှာတစ်ချိန်ကျရင် သူမကို ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝတစ်ခုဖန်တီးပေးမယ်လို့တစ်ကျောင်းလုံးရှေ့မှာ ဂတိပေးခဲ့တယ်….. သူတို့တွေအပြန်အလှန်အရူးအမူးချစ်မိသွားလို့ နှစ်ပေါင်းများစွာချစ်သူဖြစ်လာတယ်.. လွီချင်းယန်ဟာကောင်မလေးအတွက် အလုပ်ပေါင်းများစွာကြိုးစားလုပ်ကိုင်ခဲ့ပြီး ​လူအများအားကျရတဲ့ မဂ်လာပွဲနဲ့ဘဝကိုဖန်တီးပေးဖို့ အမြဲစိတ်ကူးနေခဲ့တယ်…..သူတို့ရဲ့ဘဝလေးဟာ ငွေကြေးမပြည့်စုံပေမယ့် ပျော်ရွှင်ဖွယ်ကောင်းနေခဲ့တယ်…..တခြားအရာတွေထက် ကောင်လေးဘေးမှာရှိနေဖို့သာလိုအပ်ပြီးအမြဲလိုလိုလက်ထပ်ဖို့ အသင့်ရှိနေတဲ့သူမ… သူမကို​​ပြီးပြည့်စုံအောင်ထားနိုင်မှလက်ထပ်ယူချင်တဲ့သူတို့ ထာဝရပေါင်းစည်းနိုင်ပါ့မလား..