High Ground HD

High Ground

Action Drama Thriller Western HD 2020-02-23 6.542 104 Min

ဒီရုပ်ရှင်လေးကတော့ သြစတြေးလျနိုင်ငံမြောက်ပိုင်းမှာသွားရောက်ရိုက်ကူးထားပြီး ပထမကမ္ဘာစစ်နှောင်းပိုင်းကာလမှာအခြေတည်ထားပါတယ်….။သြစတြေးလျဒေသခံလူမည်းမျိုးနွယ်တစ်ခုဖြစ်တဲ့ AboriginalAustraliansလူမျိုးတို့ရဲ့ယဥ်ကျေးမှုတွေ ဓလေ့တွေကိုလည်းမြင်တွေ့ရဦးမှာပါ…။ရိုက်ကွင်းတွေ ရှုခင်းတွေက လှပအရိုင်းဆန်လွန်းပြီးသရုပ်ဆောင်ပီပြင်တာကြောင့်ဆုတံဆိပ်တွေလည်းရရှိထားတဲ့ဇာတ်ကားပါ…။ဇာတ်လမ်းအကြောင်းလေးကိုပြောရရင် လူဖြူတွေကြီးစိုးပြီးနောက်မိသားစုတစ်ကွဲတပြားဖြစ်သွားရတဲ့ Aboriginalမျိူးနွယ်လူမည်းလေး ဂူဂျူရဲ့ဘဝကိုအခြေခံရိုက်ကူးထားပါတယ်။လူဖြူတွေရဲ့ကျူးကျော်မှုကြောင့် ငယ်ဘဝမိသားစုအသိုက်အမြုံလေးပြိုကွဲခဲ့ရပြီးနောက် ဂူဂျူကိုယ်တိုင်လည်းလူဖြူတွေရဲ့စခန်းမှာငယ်ကျွန်သာသာဘဝကိုရောက်ရှိသွားပါတယ်။၁၂နှစ်တာကာလကုန်လွန်သွားပြီးနောက် ဂူဂျူရဲ့ဦးလေးဖြစ်သူဟာသူတို့မိသားစုအတွက် လူဖြူတွေကို လက်စားပြန်ချေပါတော့တယ်…လူဖြူတွေနဲ့ရင်းနီးပြီးသားဖြစ်တဲ့ လူမည်းလေးတစ်ယောက်အနေနဲ့မိသားစုအတွက်ပဲလက်စားပြန်ချေမလား လက်နက်အင်အားအရာရာသာလွန်တဲ့ လူဖြူတွေကိုဘယ်လိုပြန်ရင်ဆိုင်သွားမလဲဆိုတာကိုဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုနိုင်ပါပြီ။