ဒီကားမှာတော့ ပုံမှန်မြင်နေကြ ဇာတ်ကောင်မျိုးမဟုတ်ဘဲ အာကာသယာဉ်မှူးတစ်ယောက်အဖြစ်ပါဝင်ထားပါတယ် ချက်ဇ်သမ္မတနိုင်ငံကိုယ်စားပြု အာကာသခရီးစဉ်မှာ ရွေးချယ်ခံခဲ့ရတဲ့ ယာကိုခေါ် AdamSandler ဟာ ချော်ပရာတိမ်တိုက်တွေရှိရာ စကြဝဠာထဲကို တစ်ကိုယ်တော်တစ်နှစ် အာကာသခရီးစဉ်ထွက်လာပါတယ်ချော်ပရာခရမ်းရောင်တိမ်တိုက်တွေဟာ ယာကိုတို့နိုင်ငံရဲ့ ကောင်းကင်ကို ဖုံးလွှမ်းနေတာ ၄ နှစ်လောက်ရှိနေတဲံအတွက်ဒီပြဿနာကိုအဖြေရှာဖို့အတွက် ယာကိုကို လွှတ်လိုက်တာဖြစ်ပါတယ်ယာကိုလည်း ခရီးစဉ်ထွက်လာပြီး ၆ လအကြာ ဂျူပီတာဂြိုလ်ိကို ကျော်လွန်အပြီးမှာ တိမ်တိုက်တွေနဲ့နီးစပ်လာပါတယ်အဲ့ဒီမှာ စကြဝဠာကြီးအစထဲကရှိခဲ့တဲ့ ရှေးဟောင်းသတ္တဝါကြီးတစ်ကောင်နဲ့ တွေ့ဆုံလိုက်ရပါတယ်ဒီသတ္တဝါကြီးက ယာကိုဒီတိမ်တိုက်တွေကိုရဖို့ ကူညီပြီး ယာကိုတို့ လူသားမျိုးနွယ်တွေကိုစောင့်ကြည့်လေ့လာနေတာဖြစ်ပါတယ်သတ္တဝါကြီးရဲ့အကူညီနဲ့ ချော်ပရာတိမ်တိုက်တွေကို စုဆောင်းဖို့လာတဲ့ယာကိုဟာ စကြဝဠာကြီးရဲ့ လျှို့ဝှက်ချက်တွေကိုပါ သိရှိသွားတဲ့အခါမှာတော့…ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်