ဒီဇာတ်ကားမှာ ရှာမီနာ လက်ရှ်မီးနဲ့ ရှာဂျီလို့ခေါ်တဲ့ဇာတ်ကောင်သုံးယောက်ရဲ့ဘဝတွေကို ခံစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ခြောက်နှစ်အရွယ်သမီးတစ်ယောက်ရဲ့မိခင်ဖြစ်တဲ့ လက်ရှ်မီးဟာ သမီးဖြစ်သူအတွက်ဖခင်တစ်ယောက်ရှာနေချိန်မှာ facebook ကနေ ရှာဂျီနဲ့တွေ့ဆုံခဲ့ပါတယ်…သူနဲ့ရှာဂျီရဲ့ဘဝဇာတ်ကြောင်းကရော ဘယ်လိုဖြစ်မလဲ…ရှာမီနာကတော့ ယောကျ်ားတစ်ယောက်ရဲ့ကာကွယ်မှူရှိမှဘေးကင်းမယ်လို့မှတ်ယူထားတဲ့ မိသားစုအသိုင်းအဝိုင်းကနေ ထွက်သွားပြီးနေရာအများကြီးကို ခြေဆန့်ချင်နေတဲ့သူတစ်ယောက်…သူ့ဘဝဇာတ်ကြောင်းကရော ဘယ်လိုဖြစ်မလဲ…ဒီ၃ယောက်ရဲ့ဘဝတွေက ဘယ်လိုဆက်စပ်နေမလဲ…သင်ခန်းစာယူစရာတစ်ခုခု သေချာပေါက်ရမှာမလို့ကြည့်ရှုသင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။