ဒီ short filmလေးကတော့ Down Syndromeခံစားခဲ့ရတဲ့ ဒါရိုက်တာ Otto Baxterရိုက်ခဲ့တဲ့ ဇာတ်လမ်းတိုလေးပါပဲ။သူက ဒီဇာတ်လမ်းရဲ့ Main characterနေရာမှာ သူပဲသရုပ်ဆောင်ပြီးတော့သူ့ရဲ့ဘဝမှာ ကြုံခဲ့တဲ့ အခက်အခဲပေါင်းများစွာရယ်၊ လူတွေက သူ့အပေါ်ဘယ်လိုမျိုးနှိမ့်ချဆက်ဆံခဲ့သလဲဆိုတာတွေကို horror, comedyနဲ့ fantasy ပေါင်းစပ်ထားတဲ့ short filmလေးတစ်ခုအဖြစ်အသက်သွင်းခဲ့ပါတယ်။ဒီဇာတ်လမ်းလေးကို ပုံဖော်ထားတာက ပုံပြင်တစ်ပုဒ်ကိုပြောပြနေသလိုဖြစ်ပြီး ကြည့်နေတဲ့မိတ်ဆွေတို့အနေနဲ့လဲ ပုံပြင်တစ်ပုဒ်ကိုဖတ်နေရသလိုပဲ ထင်မှတ်စေမှာပါ။အဲဒါကြောင့်ပဲ ပရိတ်သတ်ကြီးလဲ စိတ်ဝင်စားတယ်ဆိုရင် မိနစ်သုံးဆယ်ပဲကြာတဲ့ ဒီshort filmလေးကို အားတဲ့အချိန်လေးမှာ အေးအေးဆေးဆေးကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။