Love & Jane HD

Love & Jane

Comedy Romance TV Movie HD 2024-02-10 8.5 84 Min

နာမည်ကျော် စာရေးဆရာမ Jane Austen (1775-1817) ရဲ့ဝတ္ထုတွေကို စွဲလမ်းနေတဲ့ လီလီ ဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ Romancဇာတ်ကားကောင်းလေးတစ်ကားပါဇာတ်အိမ်ကိုမပြောခင် အင်္ဂလန် စာရေးဆရာမ Jane Austen ဟာဆိုရင် သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့အောင်မြင်ခဲ့တဲ့ ဝတ္ထုတွေကို ရုပ်ရှင်တွေ၊ Series တွေပြန်ရိုက်ထားတာလည်း အများကြီးရှိသလို သူ့ရဲ့ Biography ကို ပြန်ရိုက်ကူးထားတာတွေလည်း ရှိပါသေးတယ်ဒီဇာတ်ကားလေးကတော့ အဲလိုသူ့ရဲ့ဝတ္ထုတွေကို ရုပ်ရှင်ပြန်ရိုက်ထားတာမျိုးမဟုတ်ဘဲနဲ့သူ့ကိုစွဲလမ်းနေတဲ့ လီလီ ဆိုတဲ့ မိန်ကလေးတစ်ယောက်အကြောင်းကိုရိုက်ကူးထားတာမျိုးပါဂျိန်း စာပေချစ်သူများအဖွဲ့ ဆိုပြီးတော့လည်း Book Club တစ်ခုမှာ ဥက္ကဌအနေနဲ့တာဝန်ယူထားပါသေးတယ် ဒီဇာတ်ကားမှာ ထူးထူးခြားခြားထည့်သွင်းထားတဲ့ plot တစ်ခုကတော့ စာရေးဆရာမ JaneAusten က လီလီ ရဲ့ ပြင်းပြတဲ့ဆန္ဒတစ်ခုကြောင့် ကိုယ်ထင်ပြပြီး ဒီဘက်ခေတ်ကိုရောက်လာတဲ့ လူတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်ဒီတော့ လီလီ အတွက် Jane Austenက သူ့ဘဝထဲကို ဘယ်လောက်ထိပါဝင်ပတ်သက်နေတာလဲ သူ့ရဲ့ စိတ်ကူးတွေ၊ အလုပ်တွေ၊ နှလုံးသားရေးရာတွေမှာရော Jane က ဘယ်လောက်ထိ ပါဝင်ပတ်သက်နေလဲဆိုတာကို ဇာတ်ကားလေးထဲမှာကြည့်ရှုခံစားကြည့်လိုက်ပါဦး……..