Dark Blue Almost Black HD

Dark Blue Almost Black

Drama Romance HD 2006-03-24 6.8 105 Min

rating လည်းကောင်း ကြည့်လို့လည်း ကောင်းမယ့် စပိန် dark/comedy ကားလေးဖြစ်ပါတယ်လိင်ဆက်ဆံခန်းတွေနဲ့ အသုံးအနှုန်း တချို့ပါတာမို့ မိသားစုနဲ့တော့ မကြည့်သင့်ပါဘူးဇာတ်လမ်းအကျဉ်းကတော့Jorge ဆိုတဲ့ လူငယ်လေးတစ်ယောက်က လူမမာအဖေကို ပြုစုပေးရပြီး စီးပွားစီမံဘွဲ့ကို ၇ နှစ်ကြာ ကြိုးစားယူထားပေမဲ့ အတွေ့အကြုံမရှိလို့ တံခါးစောင့်အလုပ်နဲ့ပဲ ဘဝလမ်းဆုံးနေသူတစ်ယောက်ပါငယ်ငယ်ကတည်းက ကြိုက်ခဲ့တဲ့ crush လေးတစ်ယောက် ဂျာမနီမှာ ကျောင်းတက်ပြီး ပြန်လာပေမဲ့ သူ့စိတ်ထဲမှာတော့ ကောင်မလေးနဲ့ယှဉ်ရင် သိမ်ငယ်ရတယ်လို့ အမြဲခံစားရပါတယ်ထောင်ကျနေတဲ့အစ်ကိုဖြစ်သူ အန်တိုနီယိုက ထောင်ထဲမှာ “Paula” ဆိုတဲ့ အကျဉ်းသူတစ်ယောက်နဲ့ ကြိုက်မိသွားပြီး ဒချိပါတော့တယ် Paula ရဲ့ရည်ရွယ်ချက်က ထောင်ထဲမှာ တခြားအကျဉ်းသူတွေအနိုင်ကျင့်တာမခံရအောင် “မိခင်နှင့်ကလေး” အဆောင်ကို ပြောင်းခွင့်ရဖို့ ကိုယ်ဝန်ရချင်တာပါဒါပေမဲ့ ကံဆိုးချင်တော့ Jorge အစ်ကိုက မြုံနေပြီး သူ့ကောင်မလေးကို ကိုယ်ဝန်ရအောင်လုပ်ပေးဖို့ညီဖြစ်သူ Jorge ကို အကူအညီတောင်းရပါတော့တယ် ဒီလိုနဲ့ Jorge တစ်ယောက် ထောင်ထဲက “Paula” ကို သူ့ crush လေးထက် ပိုချစ်သွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲလူငယ်တွေရဲ့အားငယ်စိတ် ပြောင်းလဲလိုစိတ် ရည်မှန်းချက် မိသားစု ငွေရေးကြေးရေးပြဿနာ လိင်ကိစ္စ စတဲ့ အကြောင်းချင်းရာ အဝဝနဲ့ ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်လေးတွေကို ဟာသလုပ်ထားတဲ့ဇာတ်ကားဖြစ်တာကြောင့် ဝါးလုံးကွဲရယ်ရဖို့ထက် “ဪ” ဆိုပြီး အတွေးရဖို့ များပါတယ်