လူသားမျိုးနွယ်တွေဖြစ်တည်လာတဲ့သမိုင်းကို ပြန်ကြည့်ရင် ရှေးနှစ်သန်းပေါင်း ၆၅ သန်းကာလ၊ ဒိုင်နိုဆောတွေကို ကမ္ဘာကြီးကနေ ရက်ပိုင်းအတွင်း မျိုးတုန်းပျောက်ကွယ်သွားစေခဲ့တဲ့ဂြိုလ်သိမ်ကြီးတစ်ခုရဲ့ရိုက်ခတ်မှုကလည်း သမိုင်းမှာ ထူးခြားတဲ့ ဖြစ်စဉ်ကြီးတစ်ခုပါပဲ။အကယ်၍ ရုပ်ရှင်ကြည့်ပရိတ်သတ်ကသာ အချိန်ခရီးသွားယာဉ်ကြီးပေါ်ကိုစီးနင်းခွင့်ရခဲ့ရင် အဲ့ခေတ်ကာလကိုသွားကြည့်ဖို့ စိတ်ကူးယာဉ်ကြည့်ဖူးပါသလား။ဒီဇာတ်ကားထဲမှာတော့ ၂၀၂၀ ခုနှစ်က ‘ဂျေဆင်’ လို့ခေါ်တဲ့ လူငယ်ကောင်လေးတစ်ယောက်ဟာ ကားအက်ဆီးဒင့်ဖြစ်ပြီး သေသလားရှင်သလား မသိသေးတဲ့ သူ့မိဘတွေကို တောထဲမှာ သွားရှာရင်းဂြိုလ်သားတွေစီးနင်းလာတယ်လို့ ယူဆရတဲ့ အချိန်ခရီးသွားယာဉ်ကြီးပေါ်ကို ရုတ်တရက်ရောက်ရှိသွားပြီး လွန်ခဲ့တဲ့ နှစ် ၆၅ သန်း ၊ ဒိုင်နိုဆောတွေ ကြီးစိုးတဲ့ကာလဖြစ်တဲ့ ‘ခရီတေးရှပ်ခေတ်’ ဆီကိုမရည်ရွယ်ပဲ ရောက်ရှိသွားခဲ့ပါတယ်။ တကယ်တော့ သူရောက်သွားတဲ့ အချိန်ကာလဟာ ‘ခရီတေးရှပ်ခေတ်’ ရဲ့ အဆုံးသတ်နေ့ ဖြစ်ခဲ့ပါတယ်။ယာဉ်ပေါ် ကိုရောက်တဲ့အခါ ယာဉ်ပေါ်ကိုစောစောကတည်းကပါလာတဲ့ အနာဂတ်က ရွယ်တူကောင်မလေး ‘လာရာ’ နဲ့ဆုံတွေ့ခဲ့ပါတယ်။ ဒီလိုနဲ့ ယာဉ်ပျံကြီးက ဒိုင်နိုဆောတွေခေတ်ကို ဆင်းသက်တဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ။ ဘယ်လိုအန္တရယ်တွေကြုံတွေ့ရပြီးဘယ်လိုတွေဒုက္ခရောက်ကြသလဲ…ပြီးတော့ ဂြိုလ်သိမ်ရိုက်ခတ်မှုကြီးကနေ သူတို့ လွတ်မြောက်အောင် ကြိုးစားနိုင်ပါ့မလား… သူတို့ရဲ့ နဂိုအချိန်ကာလကိုရော ပြန်ရောက်နိုင်ပါဦးမလား…စတာတွေကိုစိတ်လှုပ်ရှားစွာကြည့်ရမယ့် ကနေဒါ သိပ္ပံစွန့်စားခန်း ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ကနေဒါ ရုပ်ရှင်ပွဲတော်ဖြစ်တဲ့ Fantasia Film Festival မှာ ပြသခဲ့ပြီး Best Qubece Feature အတွက် TheSilver Audience Award ကိုလည်း ဆွတ်ခူးထားပါသေးတယ်။ ဒါရိုက်တာ Aristomenis Tsirbas က ဇာတ်ညွှန်းကိုယ်တိုင်ရေးကာ ရိုက်ကူးခဲ့တာဖြစ်ပြီး ကလေးသရုပ်ဆောင်အနေနဲ့ SofianOleniuk နဲ့ Lola Rossignol-Arts တို့က လွတ်လပ်၊ တက်ကြွပြီး ဉာဏ်ကောင်းတဲ့ ကလေးများအဖြစ် အတွဲညီညီသရုပ်ဆောင်ထားကြပါတယ်။