Double Blind HD

Double Blind

Horror Thriller Science Fiction HD 2024-02-09 5.533 90 Min

Double Blind ဆိုတာက သုတေသနလုပ်ရာမှာ စမ်းသပ်တဲ့သူရော စမ်းသပ်ခံရတဲ့သူပါ စမ်းသပ်မှုမပြီးမချင်း သိရှိခြင်းမရှိဘဲ စမ်းသပ်တာကိုခေါ်တာပါ….ဒီကားလေးထဲမှာတော့ ဘလက်ခ်ဝုဒ်ဆိုတဲ့ဆေးကုမ္ပဏီက စမ်းသပ်မှုတစ်ခုလုပ်ဖို့အတွက် ကျန်းမာတဲ့သူတွေကို အခကြေးငွေပေးပြီး ခေါ်ယူခဲ့တော့ စုစုပေါင်း ၈ယောက် စမ်းသပ်ခံခဲ့ပါတယ်…..အဲဒီထဲမှာ ပတ်ပြီးစမ်းသပ်ခံနေတဲ့သူတွေရောပိုက်ဆံလိုလို့လာတဲ့သူတွေရော အဲဒီ ဘလက်ခ်ဝုဒ် ကုမ္ပဏီမှာပဲ အလုပ်သင်ဆင်းချင်လို့ မျက်နှာရအောင်လာတဲ့ ဆေးကျောင်းသားရော ပါလာခဲ့ပါတယ်……ဒီလိုနဲ့ ၅ရက်တာ စမ်းသပ်ရမဲ့ စမ်းသပ်မှုမှာစမ်းသပ်ခံတွေက နည်းနည်းလေး မသင်္ကာလည်းဖြစ်လာရော ကုမ္ပဏီအနေနဲ့ ဘယ်လို ထပ်ဆွယ်မလဲ……သူတို့က ဘာကို စမ်းသပ်မှာလဲ……စမ်းသပ်ချက် အောင်မြင်ရင်ရော ဘယ်လိုအကျိုးပြုနိုင်တဲ့ဆေးဝါးမျိုး ထုတ်လုပ်နိုင်မှာလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးလို့…….