Five Blind Dates HD

Five Blind Dates

Comedy Romance HD 2024-02-12 5.617 84 Min

ဒီကားလေးကတော့ အခုလကမှထွက်ရှိလာပြီး ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် ဟာသရိုမန့်အမျိုးအစားဇာတ်ကားလေးဖြစ်ပါတယ်။လီရာက မွေးရပ်မြေ တောင်းဗေးလ်စ်ကထွက်ပြီး အဖွားဆီက အမွေရထားတဲ့ပိုက်ဆံတွေနဲ့ ဆစ်ဒနေးကိုတက်လာပြီး တရုတ်လက်ဖက်ရည်ဆိုင်ဖွင့်ထားပြီး အရှုံးပေါ်မလိုဖြစ်နေတာပါ။တစ်နေ့ကျတော့အစ်မဖြစ်သူအဲလစ်ရဲ့ စေ့စပ်ပွဲပါတီကြောင့် တောင်းဗေးလ်စ်ကိုပြန်ရင်း အဲဒီမှာရှိတဲ့ ဗေဒင်ဆရာမက စီးပွားရေးလမ်းကြောင်းနဲ့နှလုံးသားလမ်းကြောင်းက ရစ်နွယ်နေတာမလို့ စီးပွားရေးတက်ချင်ရင်ဘလိုင်းဒိတ်ငါးခုလုပ်ပြီး စစ်မှန်တဲ့လက်တွဲဖော်ရှာရမယ်လို့ဟောလိုက်ပါတယ်။လက်ဖက်ရည်ဆိုင် အရှုံးပေါ်ပြီး ပိတ်ရတော့မလိုဖြစ်နေတဲ့ လီရာတစ်ယောက် တွေ့ရာကောက်ရိုးမျှင်ဆွဲပြီးဘလိုင်းဒိတ်လုပ်ရာကနေ ဘယ်လိုလူမျိုးတွေနဲ့တွေ့မလဲ… လက်တွဲဖော်ရောရှာတွေ့ပါ့မလား… လက်ဖက်ရည်ဆိုင်ရော အဆင်ပြေသွားပါ့မလား… ဆိုတာတွေကို ရယ်ရင်းမောရင်းပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မှာပါ။