၂၀၂၂ထွက် သွေးသံတရဲရဲနဲ့ ရူးချင်စရာ အော်ဂလီဆန်စရာ စိတ်ညစ်စရာရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဘရိုင်ယန်ဘန်းစ်ဆိုတဲ့ အဖိုးကြီးတစ်ယောက်ရှိတယ်။ သူကအရင်ကတော့နာမည်ကြီးစီးကရက်ကြော်ငြာထဲက နာမည်ကျော်ကြော်ငြာမင်းသား။ အခုတော့ သူ့လုပ်ရပ်တွေရဲ့အပြစ်တွေကိုခံစားနေတဲ့သူ။သူ့အမေဖြစ်သူကိုယ်တိုင် သူကြော်ငြာခဲ့တဲ့ ဆေးလိပ်တွေကိုသောက်ပြီးအဆုတ်ကင်ဆာနဲ့ဆုံးသွားပြီးတဲ့နောက် သူခံစားနေရတာတွေက ပိုဆိုးလာခဲ့တယ်။တစ်ရက်မှာ ဆေးလိပ်ကင်းစင်ရေးဆိုင်းဘုတ်က ဆေးလိပ်ဇာတ်ကောင်ပုံကို အမှတ်မထင် ကြည့်မိလိုက်ရာကနေ ဒီဆေးလိပ်ဟာ အသက်၀င်လာပြီး ဘရိုင်ယန်ဟာ ဆေးလိပ်ကောင်ရဲ့ကြိုးဆွဲရုပ်တစ်ရုပ်လိုထိန်းချုပ်သိမ်းသွင်းခြင်းကိုခံလိုက်ရတဲ့နောက်မှာ ဘရိုင်ယန်ဟာ တစ်မြို့လုံးက ဆေးလိပ်သောက်သူတွေကို လိုက်လံသတ်ဖြတ်အပြစ်ပေးတဲ့ကွင်းဆက်လူသတ်သမားတစ်ဦးဖြစ်လာပါတော့တယ်။ဒီလိုနဲ့ လူသတ်အဖွဲ့အစည်းတွေထဲမှာလည်း ဂိုဏ်းအချင်းချင်း ပြိုင်ဆိုင်မှုတွေ နယ်မြေလုစစ်ပွဲတွေဖြစ်လာတဲ့နောက်မှာတော့ ဘရိုင်ယန်ဟာသူ့ရဲ့တာ၀န်ကိုဆက်လက်ထမ်းဆောင်နိုင်ဖို့ရာ အမျိုးမျိုးအဖုံဖုံသော ဒီလူသတ်သမားတွေနဲ့ ရင်ဆိုင်တွေ့ရပါတော့တယ်။ ရိုင်းစိုင်းတဲ့စကားအပြောအဆိုတွေ၊ ညစ်ညမ်းတဲ့ရိုက်ချက်တွေတပုံတပင်ကြီးပါ၀င်တာကိုတော့ သတိချပ်ပေးပါ။