Geetasakshigaa HD

Geetasakshigaa

Action Drama HD 2023-03-22 8.3 136 Min

IMDb 7.3/10 နာကျင်မှုနဲ့မွေးဖွားလာပြီးတော့ အမျိုးသမီးအဖြစ်ဆက်လက်ရှင်သန်ရတဲ့ မိန်းမသားတွေ..ကိုယ်ထွက်လာတဲ့သားအိမ်ကို ကိုယ်ပြန်ဓားထိုးတတ်ကြတဲ့ လူမဆန်တဲ့ ယောကျာ်းတွေဆိုတာ ကမ္ဘာအနှံ့မှာရှိနေတတ်ပါတယ်အမျိုးသမီးတွေကို နတ်ဘုရားမလိုကိုးကွယ်ကြတဲ အိန္ဒိယမှာ လူမဆန်စွာနဲ့ မုဒိမ်းကျင့်သတ်ဖြတ်ခံလိုက်ရတဲ့ မာနီရှာလေး မွေးနေ့မှာပဲအမျိုးသမီးဘော်ဒါဆောင်မှာအသတ်ခံလိုက်ရပြီး ဖြစ်ချင်တော့ ဒီပါဝလီပွဲနေ့ဖြစ်လို့ အဆောင်သူအတော်များများအိမ်ပြန်နေချိန်ဒီဖြစ်ရပ်ဆိုးကိုသူမကြုံတွေ့သွားခဲ့ရတယ်အဆောင်ထဲထိ ဒီလိုဝင်လုပ်သွားလို့ ဒီသတင်းက ဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့ပြီး သတင်းတွေထဲမှာပါ ပါလာခဲ့ပြီးနောက်ဝန်ကြီးကိုယ်တိုင်က ဖြေရှင်းချိန် ၄၈နာရီပေးခဲ့ပြီး တရားခံရှာမတွေ့ရင် သူကိုယ်တိုင်ရာထူးကနုတ်ထွက်မယ်လို့မီဒီယာ‌ရှေ့ကတိပေးခဲ့တယ်အာဂျွန်_ ဟိုက်ဒရာဘတ်ကနာမည်ကြီး‌ဒီဂျေသမားလေး မိသားစုနဲ့ နာမည်ဂုဏ်နဲ့ဘဝကိုပျော်ပျော်ကြီးဖြတ်သန်းနေရင်းနဲ့ ကံဆိုးမိုးမှောင်ကျပြီး ရဲတွေက လာဖမ်းခဲ့ကြတယ်အကြောင်းကတော့ မုဒိမ်းကျင့် လူသတ်ခဲ့လို့ပါတဲ့ တကယ်ပဲအာဂျွန်သတ်ခဲ့တာလား ၅နှစ်ကြာပြီးမှ ပြန်လည်ထွက်ပေါ်လာမဲ့ ဒီဇာတ်လမ်းမှာ ဘယ်သူကမှန်ပြီး ဘယ်သူကမှားမယ်ဆိုတာကိုတော့။