Aatmapamphlet HD

Aatmapamphlet

Comedy Romance HD 2023-02-19 5.3 91 Min

ရုပ်ရှင်ရဲ့ နာမည်ဖြစ်တဲ့ Aatmapamphlet ဆိုတာကတော့ အော်တိုပန်းဖလက်ဆိုတာကိုမာရသီအသံနဲ့ ခေါ်ထားတာပါ။ အဓိပ္ပါယ်ကတော့ ကိုယ်တိုင်ရေးလက်ကမ်းစာစောင်ပါတဲ့။ဒါရိုက်တာဖြစ်သူ အာရှစ်ရဲ့ သူ့ဘဝအကြောင်း ကိုယ်တိုင်ရေးစာစောင်လေးပေါ့။အာရှစ်ဆိုတဲ့ကောင်လေးကို မွေးလာကတည်းက သူ့မိဘတွေက ထူးခြားတယ်လို့ထင်ကြတယ်။အကြောင်းကတော့ အာရှစ်ဘဝရဲ့ အရေးပါတဲ့နေ့တွေမှာ အိန္ဒိယနိုင်ငံအတွက် အရေးပါတဲ့ဖြစ်ရပ်တွေဖြစ်တတ်လို့ပါ။သူမွေးတဲ့နေ့မှာ အစိုးရတစ်ခု ပြုတ်ကျတယ်…။သူ စကားစပြောတဲ့နေ့မှာ အင်ဒီရာဂန္ဒီ ဝန်ကြီးချုပ်ဖြစ်တယ်…။သူ တွားသွားတတ်တဲ့နေ့မှာ အိန္ဒိယ ဟော်ကီအဖွဲ့က အိုလံပစ်ရွှေရတယ်…။အဲဒီလို တိုက်ဆိုင်မှုတွေ အများကြီးပေါ့။အဲဒီအဖြစ်အပျက်တွေကြားထဲကနေ လေးတန်းကျောင်းသား အာရှစ်လေးကိုအတန်းဖော်ကောင်မလေးတစ်ယောက်က မတော်တဆ လက်ကိုင်မိသွားတဲ့နေ့ကစပြီးအာရှစ်ဘဝအတွက် အပြောင်းအလဲတွေဖြစ်လာတာကို ဒီရုပ်ရှင်လေးထဲမှာမြင်ရမှာပါ…။