ဖိလစ်ပိုင်အချစ်ဇာတ်လမ်းတွေနဲ့ ခွဲထားလို့မရတဲ့ပါးချိုင့်လေးနဲ့အပြုံးချိုချိုမင်းသားလေး Alden Richards နဲ့မင်းသမီးချောလေး Julia Montes တို့ရဲ့ အနောက်ဥရောပနိုင်ငံတွေထိရုံတင်ကြည့်ရှုနှုန်းတွေနဲ့ရုံတင်ငွေ သန်း 100 ထိရခဲ့တဲ့ အချစ်ဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်လူတစ်ယောက်ကို စတွေ့လိုက်တဲ့အချိန်တည်းကစခဲ့တဲ့အချစ် ။အချိန်တွေဘယ်လောက်ကြာကြာ ဘဝအနေအထားတွေ ဘယ်လိုပဲပြောင်းလဲသွားသွားပျောက်ပြယ်မသွားတဲ့ အချစ်တစ်ခု…ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိအောင်သည်းခံတတ်အောင် ခံနိုင်ရည်ရှိအောင် ဒီလိုပြုပြင်ပေးတဲ့လူက ဘေးနားမှာရှိနေတယ်ဆိုတာကံကောင်းခြင်းတစ်မျိုးပဲမဟုတ်ပါလား တစ်ယောက်တည်းကြံ့ကြံ့ခံရင်းအချိန်မရွေးပြိုလဲလို့ရနေတဲ့ရင်ခွင်တစ်စုံက ကိုယ့်ကိုဘယ်လောက်ထိအောင်မြင်မှုတွေပေးကြောင်း ဘေးနားကလူကြောင့်ပြောင်းလဲသွားရတဲ့ ကိုယ်ကိုယ်တိုင်အဖြစ်ခံစားရင်း ဆက်လက်ရှုစားကြဖို့ညွှန်းဆိုလိုက်ပါတယ်….အချစ်ဆုံးသူငယ်ချင်းတွေအကြောင်းပြုပြီး လန့်စ်နဲ့ ဂျက်စတင်းတို့ ဆုံတွေ့ခဲ့ကြတဲ့ concert ညတစ်ညဖက်ရှင်ဒီဇိုင်နာဖြစ်ဖို့ ဖိလစ်ပိုင်ကထွက်ပြီး စင်ကာပူမှာလာကြိုးစားနေတဲ့ဂျက်စတင်း နဲ့ဆေးပညာအသိုင်းအဝိုင်းမိသားစုကြား မိသားစုသဘောကျ ဆေးပညာကိုပဲ သင်ယူနေရတဲ့လန့်စ်တို့မြင်မြင်ချင်း ချစ်မိသွားကြတယ်ကိုယ့်ဘဝကိုယ်ကိုယ်တိုင် စိတ်ကြိုက်ခြယ်သနိုင်တဲ့ဂျက်စတင်းနဲ့ မိဘအလိုကျကြိုးစားရတဲ့ဆေးကျောင်းသားလေးတို့ အချစ်ဇာတ်လမ်း။ ။ချစ်ရသူနဲ့အမှားတစ်ခုကြောင့်တစ်နှစ်အကြာမှာ အဖုအထစ်လေးတွေနဲ့ပြတ်စဲခဲ့ကြတဲ့အချိန်ကလူတွေတဖြုတ်ဖြုတ်သေကြတဲ့ ကိုဗစ်ကာလကြီးပေါ့ကျန်းမာရေးဝန်ထမ်းတွေ အထိဆုံးကာလတစ်ခုမှာ ကိုယ့်ဘေးနား ဝန်ထမ်းတွေ လူနာတွေနဲ့ပဲရှိပြီးတစ်ယောက်တည်းအထီးကျန်မှုတွေနဲ့ ၂ပါးသွားနေခဲ့ရတဲ့ ဒေါက်တာလေး လန့်စ်က စိတ်ထောင်းကိုယ်ကြေဖြစ်နေချိန်အချိန်တစ်ခုအကြာမှာ ပြန်ဆုံတွေ့ခဲ့ကြပြီး တစ်ဖန်ပြန်နိုးထလာတဲ့ သူတို့အချစ်ဇာတ်လမ်းဟာအဖုအထစ်တွေထပ်ပေါ်လာဦးမလား အချစ်နဲ့ဘဝကိုရင်ဆိုင်ပြီးဖြတ်သန်းသွားနိုင်ကြမလားဆိုတာတော့….အချစ်ဇာတ်လမ်းလေးတွေနာမည်ကြီးတဲ့ ဖိလစ်ပိုင်ကားတွေထဲကမှ ဆွတ်ပျံ့ကြည်နူးဖို့ကောင်းတဲ့အချစ်ဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်