Tumko Na Bhool Paayenge HD

Tumko Na Bhool Paayenge

Action Drama Mystery HD 2002-02-24 6.205 160 Min

ဗီး ဆိုတဲ့ လူငယ်လေးဟာ တောရွာလေးမှာ‌ရွာသူကြီးတွေဖြစ်တဲ့ မိဘတွေနဲ့ အတူနေထိုင်ပါတယ်။မိဘတွေရဲ့ သည်းသည်းလှုပ် ချစ်ခြင်းကို ခံရပြီးချစ်စရာကောင်းတဲ့ ချစ်သူကောင်မလေး မူစကန် လည်းရှိပါတယ်။ပူပန်မှုကင်းတဲ့ ဗီးရဲ့ ဘဝမှာ တစ်ခါတရံ ပေါ်ပေါ်လာတတ်တဲ့ထူးဆန်းအံ့ဩဖွယ်ရာတွေတော့ရှိလို့နေပါတယ်။ပုံရိပ်တွေမြင်နေရတာမျိုး ထင်ယောင်ထင်မှား ဖြစ်နေတာမျိုးတွေပါ။ပြီးတော့ သူ့ငယ်ဘဝနဲ့ ပတ်သတ်တဲ့အကြောင်းအရာတွေကို ပြန်စဉ်းစားလို့မရပါဘူးဘာကြောင့်ဖြစ်ရတာလဲလို့ မိသားစုအတွင်းကလူတွေကိုမေးပေမဲ့ ဘယ်သူမှ တိကျတဲ့အဖြေမပေးဘဲဇာတ်လမ်းတစ်မျိုးစီပဲ ပြောပြနေကြတာပါ။အဲဒီလိုနဲ့ ဗီး နဲ့ မူစကန်တို့ စေ့စပ်ကြတဲ့နေ့မှာပဲမဖိတ်ခေါ်ထားတဲ့ဧည့်သည်တွေရောက်လာပြီး ဗီး ကို ရန်ပြုကြပါတော့တယ်။ဘာကိုမှ နားမလည်နိုင်ဖြစ်နေတဲ့ ဗီးကို မိဘတွေက ဖုံးကွယ်ထားတဲ့အကြောင်းအရာတွေထုတ်ပြောလိုက်တဲ့အချိန်မှာတော့သူ့ဘဝနောက်ကြောင်းတွေကိုစုံစမ်းဖို့ မွမ်ဘိုင်းမြို့ကို သွားဖို့ဖြစ်လာပါတော့တယ်။ ဗီး ရဲ့ ဘဝ အမှန်ကဘာလဲ။ သူ့ကိုရန်ပြုကြတဲ့သူတွေကိုရောဘယ်သူကလွှတ်လိုက်တာလဲ။ရွာငယ်လေးဆီကိုရောဘယ်ပုံဘယ်နည်းရောက်လာတာလဲ ဆိုတာတွေကို2002 မှာထွက်ရှိခဲ့ပြီး မင်းသားကြီး Salman Khan နဲ့Sushmita Sen တို့ပါဝင်ထားတဲ့ဇာတ်ကားလေးထဲမှာဆက်လက်ပြီးကြည့်ရှု့ခံစားနိုင်ပါတယ်။ International မှာ အရမ်းကြီး Hit ဖြစ်ခဲ့တဲ့ ဇာတ်ကားမဟုတ်ပေမဲ့Bollywood နဲ့ Salman Khan ပရိသတ်တွေအတွက်တော့2000ပြည့်နှစ်များအလွန်က Bollywood ဇာတ်ကားတွေရဲ့ရိုက်ကူးတင်ဆက်ပုံ အက အလှတွေကို အလွမ်းပြေမယ့်ဇာတ်ကားလေးပါလို့ ညွန်းချင်ပါတယ်။