Break War HD

Break War

Action Drama Mystery HD 2024-02-16 2 86 Min

ဟောင်ကောင်ရဲကားလေးတင်ဆက်ပေးလိုက်ပါတယ်။တရားဥပဒေဆိုတာပြည်သူတွေကိုအကျိုးပြုဖို့အတွက်ဆိုပေမယ့်ကိုယ်ကျိုးအတွက်အာဏာပါဝါကိုအသုံးချပြီးတော့တရားဥပဒေအပြင်ဘက်မှာနေနေတဲ့လူတွေဟာရှိနေတတ်စမြဲပါပဲ။တရားဥပဒေကိုအားကိုးလို့မရတော့ကိုယ်တိုင်တရားစီရင်ဖို့လုပ်လာတဲ့ Batman လိုလူမျိုးပေါ်လာပါတယ်။ကိုယ့်ကိုယ်ကိုတရားသောဘက်ကနေပြီး အလုပ်လုပ်နေတယ်လို့ထင်ပေမယ့်တကယ်တော့ သူကလက်စားချေဖို့အတွက် ပြစ်မှုတွေဆက်တိုက်ကျူးလွန်နေတာပါ။ဒီလျို့ဝှက်ပြီး အင်အားတောင့်တဲ့တရားခံကို ဟောင်ကောင်ရဲတွေကဘယ်လိုကြိုးစားပြီးဖော်မလဲဆိုတာကို ရိုက်ထားတာပဲဖြစ်ပါတယ်။ဒီအမှုရဲ့နောက်ကွယ်မှာ ဘယ်သူတွေနဲ့ပတ်သက်နေမလဲ …..ပိပိရိရိအကွက်ချပြီး ကျူးလွန်နေတဲ့ တရားခံကိုဘယ်လိုဖမ်းကြမလဲ……ဝါရင့်သရုပ်ဆောင်တွေချည်းပဲမလို့ အားလုံးရဲ့သရုပ်ဆောင်ချက်တွေကအပိုအလိုမရှိ ကွက်တိကျပြီး ကြည့်ကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။