ပိုက်ဆံရဖို့အတွက် ဘာမဆိုအသင့်ဖြစ်နေတဲ့ အနေအထားလေးနဲ့ဆယ်ကျော်သက်ကောင်လေးနှစ်ယောက်ရဲ့ဇာတ်လမ်းပေါ့ဗျာ။ငွေကိုရေလိုသုံးဖူးသွားတော့ ငွေရဖို့အတွက် အလုပ်အားလုံးလုပ်ကြမယ့်ကောင်လေးတွေပေါ့။ပီယွရှ်နဲ့ ပန်ကချ်ဆိုတဲ့ ကောလိပ်ကျောင်းသားလေးနှစ်ယောက်ရှိတယ်။သူတို့တွေဟာ တိုင်းတစ်ပါးက အကြမ်းဖက်သမားတွေနဲ့ အလုပ်အတူတူလုပ်ရင်းသက်စွန့်ဆံဖျား ငွေရှာကြတယ်။ ဟိုကလည်း သူတို့နှစ်ယောက်ကို ထိန်းချုပ်ထားတဲ့ သဘောပေါ့။ဒီလူတွေဟာလည်း ရဲတွေနဲ့ပေါင်းစားရိုက်စားလုပ်နေကြတာပေါ့။ဒီလိုလုပ်ရင်းနဲ့ တစ်ရက်မှာသူတို့ကိုလွှတ်ပေးမယ် ဒါပေမဲ့ နောက်ဆုံးအလုပ်တစ်ခုလုပ်ပေးရမယ်လို့အကြမ်းဖက်သမားတွေက အကြပ်ကိုင်လာတဲ့အခါမှာတော့…။ဒီကောင်လေးတွေအတွက် အသက်အန္တရာယ်များလွန်းတဲ့ အလုပ်တစ်ခုပေါ်လာခဲ့ပါတယ်။ဒီကောင်လေးတွေလွတ်မြောက်သွားမလား…။ကံဆိုးသွားကြမလားဆိုတာကိုတော့ ပိတ်ကားထက်မှာ ဆက်လက်ရှုစားပေးကြနော်…။