Ghajini FHD

Ghajini

Action Thriller Romance FHD 2008-12-25 7.014 186 Min

အခုတစ်ခါမှာတော့ PK မင်းသား 3Idiots မင်းသားလို့လူသိများတဲ့ ဘော်လီဝုဒ်တွမ်ဟန့်ခ်ကြီးအမီရ်ခန်းရဲ့ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးပါ့မယ်။ဒီကားလေးဟာ IMDb 7.3(66K) အထိရရှိထားတဲ့ အက်ရှင် ဒရာမာ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ပထမဦးဆုံး ကုဋေတစ်ရာကျော်အမြတ်ရရှိခဲ့တဲ့ ဘော်လီဝုဒ်ကားလေးဆိုရင်လည်းမမှားပါဘူး။ဒီကားကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ A. R. Murugadoss ဟာ ၂၀၁၄ခုနှစ်မှာ ကျင်းပခဲ့တဲ့Filmfare Award မှာ Best Director ဆုကိုလည်း ဗီဂျေးရဲ့ Kaththi 2014 ကားနဲ့ ဆွတ်ခူးခဲ့ပါသေးတယ်။ဒီကားလေးဟာလည်း ဇာတ်ဆောင်မင်းသား မင်းသမီး ဒါရိုက်တာနဲ့ဇာတ်ပို့တွေအပါအဝင်ဆန်ခါတင်ရွေးချယ်ခံခဲ့ရပြီး ဆုတွေအများကြီးလည်းချိတ်နိုင်ခဲ့တဲ့ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းကိုပြောရမယ်ဆိုရင် မင်းသားဟာ အကြောင်းတစ်ခုကြောင့် ယာယီမှတ်ဉာဏ်ပျောက်ဆုံးနေခဲ့ပါတယ်။သူ့မှာ ၁၅မိနစ်စာလောက်ပဲကိစ္စတွေကို မှတ်မိပါတယ်။ အဲ့ဒီ၁၅မိနစ်ပြီးသွားရင်တော့ သူ ဘာကိုမှ မမှတ်မိတော့ပါဘူး။ဒီလိုမှတ်ဉာဏ်ပျောက်ဆုံးနေတဲ့သူမှာ ကလဲ့စားချေစရာကိစ္စတွေရှိနေခဲ့ပါတယ်။ဒါကိုတော့ ဘယ်သူမှလည်းမသိသလို ဘာကြောင့်မှန်းလည်း သူကိုယ်တိုင်မမှတ်မိနေခဲ့ပါဘူး။ဒါကြောင့် သူ့ရဲ့မှတ်ဉာဏ်အတွက် ကိစ္စတိုင်းကို သူဓါတ်ပုံရိုက်ပြီးသိမ်းထားလေ့ရှိသလိုသူ့ကိုယ်ပေါ်က တက်တူးကြောင်းတွေ အမှတ်အသားတွေက လျှို့ဝှက်ချက်မြောက်မြားစွာကိုအဖြေမဖေါ်နိုင်လောက်အောင် ဖြစ်နေခဲ့ပါပြီ။သို့ပေတည်း သူဟာလက်စားချေဖို့ထွက်လာခဲ့ပါပြီ။၁၅မိနစ်တာမှတ်မိနေတတ်တဲ့ သူ့မှတ်ဉာဏ်တွေနဲ့ဘယ်လိုတွေစိတ်ဝင်စားစရာကောင်းမလဲဆိုတာကိုတော့ဖန်သားပြင်ထက်မှာ ဆက်လက်ရှုစားပေးကြပါဦးနော်…။