နာမည်ကျော် မုဆိုးကြီးတစ်ယောက်ဖြစ်တဲ့ အီဒင်မက်ရိုရီ တစ်ယောက်ဟာ အမဲလိုက်တာထက် ပိုပြီးဝင်ငွေကောင်းတဲ့ တောထဲကဘုရားဆင်းတုတွေ လန်ဒန်လေလံဈေးကွက်ကိုခိုးသယ်ဖို့အတွက်အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဘက်ကို ခြေဆန့်လာခဲ့ရင်း အမျှော်လင့်ပဲ ကျားမိသားစုနဲ့တည့်တည့်တိုးခဲ့မိတယ်ကျားမိသားစုပြိုကွဲအောင်လုပ်ခဲ့မိပြီး လမ်းကွဲသွားတဲ့ကျားညီကိုပေါက်လေးနှစ်ကောင်ဟာတစ်ယောက်တစ်နေရာစီနဲ့ မတူညီတဲ့ဘဝတွေမှာ မွေးမြူလေ့ကျင့်ခံရပြီး တစ်ချိန်မှာ ပြန်ဆုံစည်းဖို့ ကံအကြောင်းဖန်လာတာကို ဇာတ်အိမ်လေးတည်ထားတာပါကျားတစ်ကောင်ရဲ့ လှုပ်ရှားမှုတွေ၊တိုက်ခိုက်ပုံတွေကိုရိုက်ပြထားတာတွေကလည်း ပီပြင်လွန်းပါတယ်ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်