Air Force One Down HD

Air Force One Down

Action Thriller HD 2024-02-09 6.088 84 Min

Air Force One ဆိုတဲ့အမေရိကန်သမ္မတစီးတဲ့လေယာဉ်ကြီးကို ပြန်ပေးဆွဲကြတဲ့ ဝင်စီးကြတဲ့ဇာတ်ကားတွေလည်း ရှေ့မှာအများကြီးထွက်ခဲ့ပြီးပေမဲ့တကယ်တမ်း အဲ့လိုလုပ်ဖို့ဆိုတာကမဖြစ်နိုင်ပါဘူး။ဒီတော့အဲ့ဒီလေယာဉ်နဲ့ပတ်သတ်ပြီး အခု ၂၀၂၄ မှာလည်းစိတ်ကူးယဉ် ဇာတ်ကားတစ်ကားထပ်ထွက်လာပြန်လာပြီ။ဇာတ်လမ်းအစမှာတော့မရိန်းတပ်ထဲမှာတာဝန်ထမ်းဆောင်နေတဲ့ အယ်လစ်ဆန်ကိုတွေ့ရမှာဖြစ်ပြီးဦးလေးရဲ့ ကျေးဇူးနဲ့သမ္မတရဲ့ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ထဲဝင်ရောက်ခွင့်ရခဲ့ပါတယ်။အဲ့ဒီအချိန်မှာအမေရိကန်သမ္မတကအက်စ်တိုဗီယန်နိုင်ငံနဲ့ ရေနံကိစ္စသဘောတူညီချက် ယူဖို့လုပ်နေခဲ့တာဖြစ်ပြီး သမိုင်းဝင်ဖြစ်လာမဲ့ စာချုပ်တစ်ခုကို အက်စ်တိုဗီယန်နိုင်ငံမှာ လက်မှတ်ရေးထိုးမယ်လို့ ကြေငြာခဲ့ပါတယ်ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကိုယ့်နိုင်ငံကရေနံကို အမေရိကန်ကိုမပေးချင်တဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်က သမ္မတစီးနင်းလိုက်ပါလာမဲ့Air Force One လေယာဉ်ကိုဝင်စီးပြီးစာချုပ်ကိုဖျက်သိမ်းခိုင်းဖို့ကြိုးစားပုံတွေနဲ့ မနေ့တစ်နေ့ကမှရောက်လာတဲ့ အယ်လစ်ဆန်ကသမ္မတကြီးကို ကာကွယ်ဖို့အစွမ်းကုန်ကြိုးစားပုံတွေကို တွေ့ရမှာပဲဖြစ်ပါတယ်..