Naa Saami Ranga HD

Naa Saami Ranga

Action HD 2024-01-15 8.3 143 Min

ဇာလ်လမ်းအကျဥ်းကတော့ ၁၉၆၃ ရွာတစ်ရွာမှာ ကစ်ရှ်တေယာ ဆိုတဲ့ မိဘမဲ့ကောင်လေးကို အန်ဂျီရဲ့အမေက မွေးစားခဲ့ပြီး သူတို့နှစ်ယောက် ညီအစ်ကိုရင်းပမာ အတူတူကြီးပြင်းခဲ့ပါတယ်တစ်နေ့ သူတို့အမေ ဆုံးတော့ အလောင်းမချသေးခင် အကြွေးနဲ့အိမ်လာသိမ်းတဲ့ ကြွေးရှင်ရဲ့ ရန်ကနေ“ပက်ဒေယာ” ဆိုတဲ့ ကျေးရွာခေါင်းဆောင်က ကယ်တင်ပေးခဲ့တဲ့နေ့ကစပြီး ကစ်ရှ်တေယာ တစ်ယောက်ရွာသူကြီးကို ကျေးဇူးရှင်တစ်ယောက်လို သဘောထားခဲ့ပါတယ်ငယ်စဥ်ကလေးဘဝကတည်းက ချစ်ခဲ့ရတဲ့ ကောင်မလေးကိုလည်း အကြောင်းကြောင်းကြောင့်လက်မထပ်နိုင်သေးပဲ သူကြီးခိုင်းတာမှန်သမျှ ပြဿနာအဝဝကို လူယုံတစ်ယောက်လို ဖြေရှင်းပေးနေရပါတယ်ဒီလို ကစ်ရှ်တေယာကို အရေးပေးခြင်းအပေါ် သူကြီးရဲ့သားအရင်းတွေက မနာလိုကြပါဘူးတစ်နေ့တော့ သူချစ်ခင်တွယ်တာတဲ့ သူတွေအပေါ်အန္တရာယ်ကျရောက်လာတဲ့ အချိန်မှာ မားမားမတ်မတ်ဘယ်လို ကာကွယ်ပေးသွားမလဲဆယ်နှစ်တာချစ်ခဲ့ရတဲ့ ကောင်မလေးနဲ့ရော ကံကြမ္မာက ဆုံဆည်းခွင့်ပေးပါ့မလားဆိုတာကို ဆက်လက်ကြည့်ရှုပေးပါဦး