Trunk: Locked In HD

Trunk: Locked In

Action Drama Thriller HD 2023-11-24 5.578 96 Min

ဒီတစ်ခါ ဂျာမန်စကားပြော ရုပ်ရှင်တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားကို သည်းထိတ်ရင်ဖိုဇာတ်လမ်းကောင်းတွေရိုက်ကူးပြီး ရုပ်ရှင်ပွဲတော်တွေမှာnomination တွေများစွာ ရထားတဲ့ ဂျာမန်လူမျိုး ဒါရိုက်တာမာ့ခ်ရှီးဆာက ရိုက်ကူးထားတာပါ။ ကလောက်စထရိုဖိုဘီယားရှိတဲ့သူတွေအတွက်ဆိုရင်တော့ ဒီလိုရုပ်ရှင်မျိုးက တကယ့်အိပ်မက်ဆိုး တစ်ခုလိုဖြစ်နေမှာပါ။ဇာတ်လမ်းအကျဉ်း**************မယ်လီနာဆိုတဲ့ ကောင်မလေးတစ်ယောက် ရည်းစားနဲ့ခရီးထွက်သွားခဲ့တယ်။ သူသတိရလာချိန်က မောင်းနေတဲ့ကားတစ်စီးရဲ့ နောက်အဖုံးထဲမှာ ရောက်နေပါပြီမေ့ဆေးထုံဆေးတွေ အပေးခံထားရပြီးတော့ ခြေထောက်တွေလှုပ်မရပြုမရနဲ့ သတိထားမိချိန် ကျောက်ကပ်တစ်လုံးပါ အထုတ်ခံထားရတာ သိလိုက်ရတယ်. သွေးတစိမ့်စိမ့်ထွက်နေတဲ့ဒဏ်ရာရထားပြီးတော့ အကူအညီမဲ့နေတဲ့ မယ်လီနာတစ်ယောက်ကံကောင်းတာက သူ့လက်ကိုင်ဖုန်းက သူနဲ့အတူ ရှိနေသေးတာပါပဲ။အစ်မဖြစ်သူကို ဖုန်းဆက်ပြီး အကူအညီတောင်းပေမယ့်မယုံကြည်ဘဲနောက်ပြောင်နေတာထင်ပြီး အရေးမလုပ်ပါဘူး။မယ်လီနာ တစ်ယောက် ဒီလိုအခြေအနေကနေ လွတ်မြောက်အောင်လုပ်မလဲ။ သူဒီလိုဖြစ်ခဲ့တာကရော ဘယ်သူ့ကြောင့်လဲ။ဇာတ်ကားတစ်ခုလုံးကကားနောက်ဖုံးတစ်ခုအောက်မှာပြီးသွားသလို ဆိုပေမယ့် ကြည့်ရှုသူကို ဇာတ်ကောင်နဲ့အတူလိုက်ပါစီးမြော ထိတ်လန့်ခံစားမှု ပေးနိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားလို့ ဆိုပါရစေ။