ဒီဇာတ်လမ်းလေးကတော့ Wattpadမှာ ဖတ်ရှုသူပေါင်း26Millionအထိရခဲ့တဲ့ romance stroyလေးပါ။စာရေးဆရာမ Kate Marchantကရေးသားထားခဲ့ပြီးwattpad platformမှာ စတင်ဖြန့်ဝေခဲ့ပေမယ့် အခုဆိုရင်ရောင်းအားအကောင်းဆုံးစာအုပ်လည်းဖြစ်၊ webcomicလည်းထွက်Movieပါထွက်ရှိလာပါပြီ..။ချစ်စရာဇာတ်လမ်းလေးတွေမှ ကြည့်ချင်တယ်ဆိုရင်တော့ဒီဇာတ်လမ်းလေးကလည်းတစ်မျိုးကြည့်ကောင်းနေမှာပါ။ဇာတ်လမ်းအကျဥ်းကိုပြောပြရရင် ဝေ့ဗ်လီဟာ နွေရာသီအားလပ်ရက်မှာ မိဘတွေနဲ့တွေ့ဖို့ တိုင်ပေကိုပြန်ချင်တာပေါ့…။သို့ပေမဲ့ မိဘတွေရဲ့စီစဥ်မှုကြောင့်ခရီးစဥ်ပျက်သွားတော့ဖြစ်ချင်ရာဖြစ်ဆိုပြီး အဒေါ်ရှိရာ ကျွန်းလေးဆီကိုသာ ခြေဦးလှည့်လာခဲ့ပါတယ်…။ဒီကျွန်းလေးမှာပဲ မိတ်တွေအသစ်တွေရ၊အားလပ်ရက်နေဖို့ကြံရင်းရေကူးနည်းပြလေးတစ်ယောက်နဲ့ဆုံခဲ့ပါတော့တယ်….။နွေရာသီကျွန်းလေးမှာ နွေရာသီအချစ်ဇာတ်လမ်းလေးကဘယ်လိုလေးဖြစ်မလဲဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ…