The Book of Clarence HD

The Book of Clarence

Comedy Drama Adventure HD 2024-01-11 5.7 129 Min

ပိတ်ရက်လည်းနီးပြီဆိုတော့ အခွီဓာတ်လေးလည်းပါရမယ်ပေါကားကြီးလည်း မကြိုက်ဘူးဆိုသူတွေအတွက်Biblical comedyလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။သမ္မာကျမ်းစာက အသုံးအနှုန်းတွေများတဲ့ကားလေးဆိုတော့အမှားပါခဲ့ရင် မေတ္တာရှေ့ထား သည်းခံပေးကြဖို့ တောင်းဆိုရင်းနဲ့ပဲဇာတ်လမ်းလေးကို ဆက်လိုက်ရအောင်ပါ။ကလဲရန့်စ်ဆိုတာ ရွာထဲကပြဿနာအိုးငမွှေထိုး သူခိုး ကြမ်းပိုးတစ်ယောက်၊ ညိုကီတို့တောင်တချီတချီထထလုပ်ချင်တဲ့ဝိစိုက်ရောင်းတဲ့အလုပ်ကို အကောင်အထည်ဖော်ထားတဲ့သူပေါ့။မကောင်းတာမှန်သမျှ အကုန်လုပ်တဲ့သူဟာ ခရစ်တော်ကိုမယုံကြည်တဲ့ ဘာသာမဲ့ အပယ်ခံလည်းဖြစ်‌နေပါသေးသတဲ့။ဒီလိုနဲ့တစ်နေ့မှာ ကံလေးများတက်မလားဆိုပြီး မယ်ရီဆိုတဲ့စော်လေးနဲ့ ရထားပြိုင်မောင်းရာက ချော်တောငေါ့ပြီးရှုံး၊ငွေတိုးချေးစားတဲ့ ဂျေဒဒိုင်ယာဆိုတဲ့ရက်စက်တဲ့နေရာမှာနှစ်ယောက်မရှိတဲ့ဘဲကြီးဆီမှာ အကြွေးတင်သွားပါတော့တယ်။ရက် ၃၀ အတွင်းအကြွေးမဆပ်ရင် လည်ကုပ်နားဝဲနေတဲ့ဂျေဒဒိုင်ယာရဲ့ဓားကိုလည်းကြောက်ရ၊ တသက်လုံးရုန်းကန်ခဲ့ရတဲ့အမေ့ကိုလည်း အိမ်ကောင်းကောင်းနဲ့ထားချင်၊ နှလုံးသားထဲကချစ်ဦးသူဖြစ်တဲ့ ဂျေဒဒိုင်ယာရဲ့ညီမလေး ဗာရီယာနဲ့လည်းအကြောင်းပါချင်တဲ့ ကလဲရန့်စ်တစ်ယောက်သူငယ်ချင်းတစ်စုနဲ့ဘူရှိန်းဘိန်းရှူရင်းနဲ့ အတွေးပေါက်သွားပါသတဲ့။ ဒါကတော့သူ့ကိုယ်သူ ယေရှုရဲ့ ၁၃ ယောက်မြောက် တမန်တော်မေရှိယအဖြစ်ခံယူပြီးတော့ လှူစာကမ်းစာတွေကို တစ်ဝစားလို့အကြွေးပါဆပ်ပြီးလူချမ်းသာလုပ်မယ်ဆိုတဲ့ ဘုရားစူးအတွေးလေးပါပဲ။ဘာသာမဲ့မှသည် ဘုရားသခင်ရဲ့တမန်‌တော်လုပ်မယ့် ရွှေဉာဏ်တော်နဲ့သူ့ရဲ့အတွေးကို အကောင်အထည်ဖော်ဖို့ ခရီးထွက်လာတဲ့ကလဲရန့်စ်တစ်ယောက် ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာ အားလုံးအတူရှုစားလိုက်ရအောင်ပါ….