ဇာတ်လမ်းအကျဥ်းကတော့ ၁၉၃၀ ဗြိတိသျှခေတ်မှာ အီဆာဆိုတဲ့ ခပ်ဆိုးဆိုးရွာသားတစ်ယောက်ကမျိုးရိုးဇာတ်နိမ့်ဇာတ်မြင့် ကွာခြားမှုတွေကို မနှစ်မြို့သူဖြစ်ပြီး လူလေးစားခံရမှုလိုချင်တာကြောင့်အိန္ဒိယ-ဗြိတိသျှ စစ်တပ်ကို ဝင်နေချင်ပါတယ်ဒါပေမဲ့ ဗြိတိသျှကို တော်လှန်ပုန်ကန်နေတဲ့ သူ့အစ်ကိုကတော့ ဒါကို သဘောမတူပါဘူး တစ်နေ့ ဗယ်လာမီဆိုတဲ့ ဇာတ်မြင့်မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်မိပြီး သူနဲ့အဆင်ပြေရင် ဗြိတိသျှစစ်တပ်ထဲ မဝင်ဘူးလို့ ဆုံးဖြတ်ခဲ့ပေမဲ့ကောင်မလေးမှာ ပိုင်ရှင်ရှိနေတာကြောင့် ကောင်မလေးကို မေ့ပစ်ပြီး ဗြိတိသျှစစ်တပ်ထဲ ဝင်သွားပါတယ်အီဆာတစ်ယောက် “ကပ္ပတိန်မီလာ” ဆိုတဲ့ နာမည်နဲ့ သူ့သူငယ်ချင်း ရာဖစ် စတီဖင်တို့နဲ့အတူသောင်းကျန်းပါတော့တယ် ဗြိတိသျှဗိုလ်ချုပ်က သူတို့ကို ပုန်ကန်သူတွေမဟုတ်တဲ့ လူသာမန်တွေကိုပါ သုတ်သင်ခိုင်းတာကြောင့် အပြစ်ရှိစိတ်နဲ့ ကိုယ့်ကိုယ့်ကို သတ်သေဖို့ ကြိုးစားပြီး…ရာဖစ်က တားလို့ ဗြိတိသျှ စစ်တပ်ကထွက်လာပြီး ရွာကိုပြန်လာခဲ့တဲ့အခါမှာ သူ့အစ်ကို သေပြီလို့သိလိုက်ရတဲ့နောက်ပိုင်း အဖိနှိပ်ခံအိန္ဒိယပြည်သူတွေဘက်ကနေ ရပ်တည်လို့ နယ်ချဲ့တွေကို ဘယ်လိုပြန်တွန်းလှန်မလဲဘယ်လို စစ်ဆင်ရေးတွေ ဆောင်ရွက်မလဲဆိုတာကိုတော့…နောက်ခံ ခေတ်အပြင်အဆင် အဝတ်အစားဒီဇိုင်းကအစ ပီပြင်အောင် သေချာရိုက်ကူးထားတဲ့ဇာတ်ကားသစ်လေးမှာ ပရိသတ်ကြီးကပဲ တစ်ဝကြီး ဆက်လက်ကြည့်ရှုပေးကြပါဦး