I.S.S. HD

I.S.S.

Thriller Science Fiction HD 2024-01-19 5.1 96 Min

I.S.S(International Space Station)နိုင်ငံတကာအာကာသစခန်းတည်ဆောက်လိုက်ခြင်းဟာ စစ်အေးတိုက်ပွဲအပြီးအမေရိကန်နဲ့ ရုရှားပူးတွဲဆောင်ရွက်မှုရဲ့ ပြယုဂ်ဖြစ်ခဲ့ပါတယ်…။ဒီစခန်းမှာက အဓိကအားဖြင့် အဆင့်မြင့်နည်းပညာတွေနဲ့ဆေးဘက်ဆိုင်ရာတွေ၊ အာကာသလေ့လာရေးအတွက်သုတေသနပြုမှုတွေလုပ်တာ‌ပေါ့။ဒီကနေ့ခေတ်အရောက်မှာတော့ အမေရိကန်နဲ့ရုရှားနှစ်နိုင်ငံလုံးမှအာကာသယာဥ်မှူးတွေဟာနိုင်ငံတကာအာကာသစခန်းမှာအခြေချနေထိုင် သုတေသနပြုလျက်ရှိပြီး…ကမ္ဘာမြေပြင် ပြင်ပက သီးသန့်သုတေသနနိုင်ငံလေးလိုဖြစ်နေပါပြီ။သို့ပေမယ့် ကမ္ဘာမြေပြင်မှာ နျူစစ်ပွဲတွေဖြစ်လာပြီးစစ်မီးတွေတောက်လောင်လာချိန်မှာတော့ ဒီသုတေသနနိုင်ငံလေးကလည်းမငြိမ်းချမ်းနိုင်တော့ပါဘူး…။အမေရိကန်ဘက်ကရော ရုရှားဘက်ကမှာ ဒီအာကာသစခန်းကိုအပိုင်သိမ်းဖို့သူတို့ရဲ့အာကာသယာဥ်မှူးတွေကို အမိန့်ပေးလာတဲ့အခါမှာတော့….။ဒီစခန်းက နျူစစ်ပွဲအတွက် ဘာလို့အ‌‌‌ရေးပါနေတာလဲ…၊အာကာသစခန်းထဲကသိပ္ပံပညာရှင်တွေကရောဘယ်လိုဆုံးဖြတ်ချက်တွေချသွားမလဲ..အားလုံးအသက်ရှင်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမယ့်sci-fi၊ thriller မူဗီလေးပဲဖြစ်ပါတယ်…