Monster High: Frights, Camera, Action! HD

Monster High: Frights, Camera, Action!

Family Fantasy Animation HD 2014-03-25 7.288 72 Min

ဒီကားလေးကတော့ monster high franchise ထဲက ကာတွန်းကားလေးတစ်ကားဆိုတော့ Monster inc.တို့ Hotel Transylvania တို့ထဲကလိုသတ္တဝါအထူးအဆန်းလေးတွေကိုမှ Barbie ကာတွန်းကားတွေလို vibeမျိုးနဲ့ခံစားရမှာပါ။ အထူးသဖြင့် Barbieကာတွန်းကားလေးတွေကြိုက်တတ်တဲ့မိန်းကလေးတွေ ကြိုက်နှစ်သက်ကြမယ့် ကာတွန်းကားကောင်းလေးဖြစ်ပါတယ်။Main character ဖြစ်တဲ့ Draculauraလေးဟာ ကျောင်းမှာ လူချစ်လူခင်ပေါတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပေမယ့် သူ့ကိုယ်သူ ကြီးကျယ်တဲ့အရာတွေမလုပ်နိုင်လို့ အားငယ်နေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ မထင်မှတ်ထားတဲ့သတင်းတစ်ခုကြောင့် သူ့ဘဝက ပြောင်းလဲဖို့အကြောင်းဖန်လာခဲ့ပါတယ်။ ဒါပေမယ့် အဲဒီသတင်းက သူထင်သလိုမဟုတ်တာကို သိလိုက်ရတဲ့နောက်မှာတော့ Draculaura တစ်ယောက် သူ့သူငယ်ချင်းတွေနဲ့အတူစွန့်စားခန်းဖွင့်ဖို့ အကြောင်းဖန်လာပါတော့တယ်။ အမြင်ဆန်းဆန်းလေးနဲ့ကြည့်ရှုရမယ့်ကာတွန်းကားလေးတစ်ကားဖြစ်ပြီး မိသားစုနဲ့ကြည့်ရှုလို့ကောင်းမယ့် ကာတွန်းကားလေးတစ်ကားဖြစ်ပါတယ်။