အမေရိကားနိုင်ငံမှာ အာဖရိကန် – အမေရိကန်တွေရဲ့ယဉ်ကျေးမှုဟာ ၁၉၇၀ခုနှစ်ကာလတွေမှာ တရှိန်ထိုးတိုးတက်မြင့်မားလာခဲ့ပေမယ့်လို့ ၁၉၈၀ ခုနှစ်မှာတော့ ဖြစ်ရပ်ပေါင်းများစွာနဲ့အတူ တဖြည်းဖြည်းနဲ့လျော့နည်းကျဆင်းလို့လာခဲ့ပါတယ်။ တကယ်တော့ ဒါဟာ လူမည်းတွေကို မုန်းတီးတဲ့ လူဖြူဖြစ်သူ“The Man” ရဲ့ နောက်ကွယ်ကနေ ကြံစည်ကြိုးကိုင်အကွက်ချထားမှုတွေကြောင့်ပဲဖြစ်ပါတယ်။ ဒါပေမယ့် “The Man” မှာလည်း သူထင်ထားသလို၊ဖြစ်စေချင်သလို ခရီးလမ်းမပေါက်ရောက်နိုင်ဘဲဖြစ်နေရပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ “ဘရားသားဟုဒ်” လို့ခေါ်တဲ့လူမည်းတွေနဲ့ဖွဲ့စည်းထာတဲ့လျှို့ဝှက်အဖွဲ့အစည်းတစ်ခုရဲ့ လိုက်လံတားဆီးမှုတွေကြောင့်ပါ။ဒီလိုနဲ့ တစ်နေ့မှာတော့ အမေရိကန်သမ္မတနေရာမှာ ဝင်အရွေးခံမယ်လို့ သတင်းတွေထွက်နေပြီးတော့ လူမည်းတွေရဲ့ထောက်ခံမှုတွေကိုလည်း အများကြီးရထားတဲ့ဗိုလ်ချုပ်ဘောက်ထ်ဝေလ်ဟာ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သူ့အနေနဲ့ ရွေးကောက်ပွဲကို ဝင်အရွေးခံယှဉ်ပြိုင်မှာ မဟုတ်ဘဲ ကြက်ကြော်ဆိုင်သာ ဖွင့်ပြီးရောင်းစားတော့မယ်လို့ ကြေညာခဲ့လိုက်ပါတယ်။ ဒါဟာ ဘယ်သူမှ ဘယ်လိုမှ ထင်မှတ်မထားခဲ့မိတဲ့ အကြောင်းအရာဖြစ်နေတာကြောင့် “ဘရားသားဟုဒ်” အဖွဲ့အနေနဲ့ဒီကိစ္စဟာ “The Man” ရဲ့စနက်မကင်းဘူးဆိုတာကို ရိပ်မိပေမယ့် အရင်လို မဟုတ်ဘဲ စုံစမ်းဖို့ခက်ခဲနေပါတော့တယ်။ ဒီအချိန်မှာ ကယ်တင်ဖို့ ရောက်လာတာကတော့သူ့ဟာသူ တစ်ကိုယ်တော်လှုပ်ရှားနေတဲ့ “Undercover Brother” ခေါ် သူလျှိုဘရားသားပဲဖြစ်ပါတယ်။သူဟာ ဘယ်လိုမျိုးတွေတော်နေလို့ “ဘရားသားဟုဒ်” ကနေ လက်တွဲခေါ်ချင်နေရတာလဲ၊ သူ့အနေနဲ့ “ဘရားသားဟုဒ်” ရဲ့ကမ်းလှမ်းချက်ကို လက်ခံပြီးတော့ “TheMan” ရဲ့ အကြံအစည်တွေကို ဖော်ထုတ်နိုင်ပါ့မလား၊ “The Man” ရဲ့ အကြံအစည်တွေကရော ဘာတွေလဲ၊ သူနဲ့ ဗိုလ်ချုပ်ဘောက်ထ်ဝေလ်ရဲ့ သမ္မတဝင်အရွေးမခံဘဲနဲ့ကြက်ကြော်ဆိုင်ပဲ ဖွင့်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကရော တစ်နည်းနည်းနဲ့ပတ်သတ်နေမလား… ဒါတွေအားလုံးရဲ့အဖြေကိုတော့ ဒီ “Undercover Brother” ဆိုတဲ့ spy actioncomedy ကားလေးကိုကြည့်ရင်းနဲ့ ရှာဖွေဖော်ထုတ်ကြည့်လိုက်ပါဦး။