ဇာတ်လမ်းအကျဉ်းကတော့ အမေဖြစ်သူကို ဟွာစကာ့စ်ဂိုဏ်းကသ-တ်တာခံရပြီးတဲ့နောက်မှာ ဆုတောင်းသုံးခုရခဲ့တဲ့ အက်စရယ်လာဟာ ပထမဆုံးဆုတောင်းအနေနဲ့ သူ့အမေပြန်လာဖို့ဆုတောင်းခဲ့ပါတယ်။သူ့အမေပြန်လာခဲ့ပေမဲ့ သေဆုံးခဲ့ပြီးပြီဖြစ်လို့ ဝိဉာဉ်အနေနဲ့ အက်စရယ်လာနောက်ကိုတချိန်လုံးလိုက်နေတဲ့အပြင် မူးယစ်စစ်ပွဲမှာသေဆုံးခဲ့ရတဲ့ ဝိဉာဉ်တွေကလည်း သူ့နောက်တချိန်လုံးလိုက်နေပါတယ်ဒီလိုနဲ့အက်စရယ်လာတစ်ယောက် မြို့ထဲမှာလျောက်သွားနေရင်း သူ့လိုမျိုးဘဝတူကလေးတွေအဖွဲ့နဲ့တွေ့ပြီးအဆင်ပြေသွားပေမဲ့ အဲဒီအဖွဲ့ခေါင်းဆောင် ရှိုင်းဆီမှာ ဂိုဏ်းဘက်ကလိုချင်နေတဲ့ပစ္စည်းတစ်ခုရှိနေလို့ သူတို့အဖွဲ့လေးကို ပစ်မှတ်ထားခံရပါတော့တယ်။ ဒီလိုနဲ့ အသက်မပြည့်သေးတဲ့ ကလေးတစ်သိုက် လူမိုက်ဂိုဏ်းတွေရဲ့ရက်စက်မှုကို ရင်ဆိုင်ကြရပုံတွေ၊ အက်စရယ်လာရဲ့ဆုတောင်းတွေက မျှော်လင့်တဲ့အတိုင်းအလုပ်ဖြစ်ပါ့မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။