#000000014 ဆိုတဲ့နံပါတ်နဲ့ လူတစ်ယောက် ရုတ်တရက် အလုံပိတ်ခန်းထဲမှာ ခေတ်ဟောင်းကွန်ပြူတာတစ်လုံးနဲ့ တစ်ယောက်တည်းနိုးလာခဲ့ပါတယ်။ စားဖို့သောက်ဖို့အတွက် သုံးရတဲ့တစ်ခုတည်းသော ငွေကြေးကို လူတွေကိုဖျော်ဖြေရတဲ့နည်းတစ်ခုတည်းနဲ့သာ ရှာလို့ရတဲ့စနစ်မှာ ငွေတွေရှာရင်း ရေနွေးအိုးထဲက ဖားတွေလို ပူမှန်းမသိ လွတ်မြောက်ဖို့မကြိုးစားဘဲ နေသားကျနေတုန်း #038491828 ဆိုတဲ့နံပါတ်နဲ့ကောင်မလေးရောက်လာပြီးနောက် ဘယ်လိုတွေအပြောင်းအလဲတွေဖြစ်ကုန်မလဲ… ဆိုတာ စိတ်ဝင်တစားကြည့်ရမယ့်ကားလေးလည်းဖြစ်ပါတယ်။