၁၉၅၆ခုနှစ်လောက်ကတည်းကထွက်ခဲ့တဲ့ဒီဇာတ်ကားဟာလူအတော်များများရဲ့နလုံးသားမှာနေရာယူထားမယ်ဆိုတာကျွန်တော်ရဲရဲကြီးပြောရဲပါတယ်။ ကြည့်ပြီးသူတွေအတွက်ရင်ထဲမှာနင့်နင့်နဲနဲခံစားစေရမယ့်။ ဇာတ်ကားတစ်ကားဆိုလည်းမမှားပါဘူး ကျွန်တော် ဒီဇာတ်ကားလေးကိုကြည့်မိတဲ့အချိန်မှာကိုယ်ချင်းစာစိတ်ဝမ်းနည်းစိတ်ကြေကွဲစိတ်တွေတစ်ပေါင်းတစ်စည်းတည်းခံစားခဲ့ရပါတယ်။ပုံမှန်လူတစ်ယောက်အတွက် အပိုတွေပြောနေတယ်လို့ထင်ရပေမယ့်။ တစ်ကယ်ရုပ်ရှင်ချစ်သူတွေအတွက်ဗမာ့စောင်းဇာတ်ကားဟာ အလွန်တန်ဖိုးမဖြတ်နိင်တဲ့ဇာတ်ကား တစ်ကားလို့ သေချာပေါက်ပြောဆိုမှာပါ။ IMDb rating အနေနဲ့ 8.1/10 Rotten Tomatoes အနေနဲ့ 91%ရထားခဲ့တာကိုကြည့်ရင် ဒီဇာတ်ကားလေးဟာ အောင်မြင်တယ်မအောင်မြင်ဘူးဆိုတာတွေ့နိင်ပါတယ်။ဒါရိုက်တာအနေနဲ့ Kon Ichikawa က ရိုက်ကူးထားပြီး စာရေးဆရာကတော့နိုဗယ်ဆုရှင်michio takeyama က ရေးသားထားပါတယ်။moc_the_burmese_harp_05ဇာတ်ကားကတော့ကာလာမဟုတ်ပါဘူး။ အဖြူအမဲပါ မြန်မာနိင်ငံနဲ့ပူးပေါင်းရိုက်ကူးထားတဲ့ဇာတ်ကားရိုက်ကူးတဲ့အချိန်အခါကိုကြည့်ခြင်းအားဖြင့်ဂျပန်ရုပ်ရှင်ရဲ့အဆင့်အတန်းမြန်မာ့ရုပ်ရှင်ရဲ့အဆင့်အတန်းကိုကွင်းကွင်းကွက်ကွက်မြင်နိင်ပါတယ်။