၁၉၇၂ ထုတ် ပြင်သစ်ရုပ်ရှင်လေး ဖြစ်ပါတယ်။ ခေတ်ဟောင်း ပြင်သစ်ကားဖြစ်တဲ့အတွက်လည်း အပေါ်ပိုင်းဗလာကျင်းတွေ ပါနေတာတွေကို သတိထားစေလိုပါတယ်။ ဇာတ်လမ်းလေးကတော့ တိုက်ခန်းရောင်းတဲ့ အန်ဒရူးတစ်ယောက် သူရောင်းတဲ့တိုက်က လူမည်းမလေး မီဇာကို သဘောကျနေတာပေါ့။မီဇာဆိုတာလည်း ဆောင်ကြာမြိုင်လိုမျိုးမှာ အလုပ်လုပ်နေတဲ့လူတစ်ယောက်ပါ။ပထမတော့ ဒီတိုက်မှာ ကောင်မလေးတစ်ယောက် သေတယ်။ နောက်ကျ မီဇာလည်း ထူးဆန်းစွာနဲ့ ထပ်ပြီး အသတ်ခံရတယ်။ ဒီအချိန်မှာ အန်ဒရူးတစ်ယောက်နောက်ထပ် ကောင်မချောလေး နှစ်ယောက်နဲ့ ဆက်လက်ပြီး ခင်မင်ခဲ့တယ် ဂျနီဖာနဲ့မယ်ရလင်တဲ့။ သူတို့ကို ဖြစ်ချင်တော့ မီဇာ သေဆုံးသွားတဲ့ တိုက်ခန်းကိုပဲ ရောင်းပြီးနေထိုင်စေခဲ့တဲ့အခါ အတိတ်ဟောင်းရှိသူ ဂျနီဖာကို အရိပ်တစ်ခုက ခြောက်လှန့်နေပါတော့တယ်။ ဒီလူသတ်မှုတွေဟာ ဆက်လက် ဖြစ်ပွားမလား ဖမ်းမိတော့မလားဆိုတာလည်း တံဆိပ်ခေါင်းစု ဝါသနာပါတဲ့ စုံထောက်ကြီးက ထောက်လှမ်းနေမှာပါ။နောက်ဆုံးချိန်ထိ ဘယ်သူက လူသတ်တရားခံလည်းဆိုတာကို ပဟေဠိဆန်ဆန် ကြည့်ရှုရမယ့် သည်းထိတ်ရင်ဖို ပြင်သစ်ကား ဖြစ်ပါတယ်။