Ice Storm HD

Ice Storm

Action Horror Science Fiction TV Movie HD 2023-03-03 4.8 82 Min

Global Warming ဆိုတာ လက်ရှိကျွန်တော်တို့တွေကြုံတွေ့နေရတဲ့အခက်အခဲကြီးတစ်ရပ်ပါ။ ကမ္ဘာကြီးပူနွေးလာပြီး ရေခဲတောင်တွေအရည်ပျော်နေတာ လူတိုင်းနီးပါးသိပေမဲ့၊ ဒီလိုဖြစ်ရပ်တွေကြောင့်နောက်ဆက်တွဲဘယ်လိုအကျိုးဆက်တွေဖြစ်လာနိုင်လဲဆိုတာ သိတဲ့သူ အင်မတန်နည်းပါတယ်။အကျိုးဆက်အနေနဲ့ အီကွေတာဘက်ခြမ်းမှာ ပိုပြီးပူနွေးလာပြီး ရေခဲတောင်တွေအရည်ပျော်လာတဲ့အခါမှာ ဝင်ရိုးစွန်းဘက်က လေအေးတွေကို တားဆီးထားမယ့်အတားအဆီးတွေမရှိတော့ပဲ အပူအအေးမညီမျှမှုကနေ ကုန်းတွင်းပိုင်းဒေသတွေမှာပါ နှင်းမုန်တိုင်းတွေတိုက်ခိုက်လာနိုင်တော့တာပါပဲ။ ဒီကားထဲမှာ နှင်းမုန်တိုင်းက တဖြည်းဖြည်းနဲ့အင်အားကောင်းလာပြီး နောက်ဆုံး ဘယ်လိုမှအားမလျော့တော့ပဲ ကမ္ဘာကြီးကို အကြွင်းမဲ့ သုညအမှတ်ထိအေးခဲသွားစေမယ့်အဆင့်ထိရောက်သွားတော့တဲ့အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။