King of Adventure: Golden Jade Plate HD

King of Adventure: Golden Jade Plate

Action Adventure HD 2024-01-29 8.3 80 Min

မင်ခေတ်နှောင်းပိုင်းမှာ တော်ဝင်မျိုးနွယ်တွေဟာ သူတို့အာဏာကျဆုံးပြီးလို့ယူဆတဲ့အတွက်ရွှေငွေရတနာတွေကိုစုစည်းပြီးတော့ ဖွက်ထားလိုက်ကြတယ်။တကယ်လို့မန်ချူးတွေဝင်လာရင်လဲ သူတို့သုံးဖို့ရမယ်။တကယ်လို့ မင်မင်းဆက်ကြီးပျက်သုန်းသွားတယ်ဆိုရင်လဲအဲဒီရတနာတွေနဲ့ပြန်လည်ထူထောင်မယ်ဆိုတဲ့အတွေးနဲ့ပေါ့။မန်ချူးခေတ်နှောင်းပိုင်းမှာ အဲဒီရတနာတွေကိုသွားရှာခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ဂျပန်ခေတ်ရောက်လာတဲ့အချိန်မှာ အဲဒီရတနာသိုက်အကြောင်းကိုသိသွားတဲ့ဂျပန်တွေက အဲဒီရတနာသိုက်ကိုလုယူနိုင်ဖို့ကြိုးစားလာပါတယ်။ရတနာသိုက်မြေပုံကို ရွှေချည်ရေးတဲ့ကျောက်စိမ်းပန်းကန်ပြားထဲမှာထည့်သွင်းထားတယ်လို့ဒဏ္ဍာရီရှိပေမယ့် ဘယ်ကနေဘယ်လိုအစဖော်မှန်းမသိဖြစ်နေကြတယ်တရုတ်နိုင်ငံကလဲတော်လှန်ရေးအပြီးကာလပြန်လည်ထူထောင်ဖို့လိုအပ်နေတဲ့အချိန်ဖြစ်တဲ့အတွက်နိုင်ငံရဲ့ရတနာတွေကို ဂျပန်လက်မရောက်အောင် အရင်ဦးအောင်ရတနာတွေကိုရှာဖွေတဲ့ စွန့်စားခန်းဖွင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဂျပန်တွေရဲ့ရန်ကနေဘယ်လိုကာကွယ်ပြီးပဟေဠိတွေအထပ်ထပ်ကိုဘယ်လိုဖော်ကြမလဲ …..နှစ်ရာချီကြာခဲ့ပြီဖြစ်တဲ့ ဒဏ္ဍာရီထဲကရတနာသိုက်ကရော တကယ်ရှိပါ့မလား……