မရိုးနိုင်တဲ့ မိစ္ဆာမလေးနဲ့ မိစ္ဆာနှိမ်နင်းသူတို့ကြားချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ဒီဇာတ်ကားမှာတော့ ဒဏ္ဍာရီလာယက္ခဆိုတဲ့ပုံရိပ်အတိုင်းဇာတ်ရုပ်တွေကိုအကျည်းတန်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ပုံစံအတိုင်း ဖန်တီးထားတာဖြစ်ပါတယ်။မိန်းမလှတစ်ယောက်ကို မင်္ဂလာဆောင်ဖို့ဝေါယာဉ်နဲ့ကြိုလာတဲ့အချိန်မှာယက္ခစစ်သည်တွေဝင်တိုက်ခိုက်တာခံရပြီး သတို့သမီးလုခံလိုက်ရပါတယ်။မိစ္ဆာနှိမ်နင်းသူကကိုယ်လူချောကသူ့ရဲ့သတို့သမီးလေးကိုပြန်ကယ်ဖို့ရာမိစ္ဆာတိုင်းပြည်ကိုတစ်ကိုယ်တည်းလိုက်သွားပြီး သက်စွန့်စံဖျားကယ်တင်တဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။Visual Effectတွေကသိပ်အကောင်းကြီးမဟုတ်ပေမယ့်လူမှာလဲအကောင်းအဆိုးရှိသလို မိစ္ဆာမှာလဲအကောင်းအဆိုးရှိပြီးတော့အချစ်အကြောင်းကိုသေချာဖော်ကြူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်