12 Rounds 3: Lockdown HD

12 Rounds 3: Lockdown

Action Crime Thriller HD 2015-09-11 5.809 90 Min

နယူးအော်ရီလန်က ရဲအရာရှိ ဒန်နီဖစ်ရှာ (John Cena) ဟာ နာမည်ကြီးခိုးမှုတစ်ခုရဲ့ တရားခံနောက်ကိုလိုက်နေတုန်းမှာ အဲဒီတရားခံရဲ့ ကောင်မလေးဟာ မတော်တဆ သေသွားခဲ့ရပါတယ်.လက်စားချေဖို့ကို ဆာလောင်နေတဲ့ ဉာဏ်ကြီးရှင်တရားခံဟာ တစ်နှစ်အကြာမှာ ထောင်ကနေ ဖောက်ပြေးလာပြီး ဒန်နီရဲ့ ဇနီးလောင်းကို ပြန်ပေးဆွဲသွားပါတော့တယ်… သူ့ဇနီးလောင်းကိုကယ်ဖို့အတွက် ဒန်နီဟာ အဲဒီ့တရားခံနဲ့ ဉာဏ်ချင်းယှဉ်ပြိုင်ပြီး ၁၂ ချီရှိတဲ့ ကစားနည်းတစ်ခုကို သူ့ဇနီးလောင်းရဲ့အသက်နဲ့ရင်းပြီး ကစားရတဲ့အခါ….ဒန်နီက သူ့ဇနီးလောင်းကိုကယ်ဖို့ အောင်မြင်သွားမလား….ဒါမှဟုတ် တရားခံဖြစ်တဲ့ မိုင်းစ်ကပဲ ဒန်နီကိုဘယ်လိုတွေလှည့်စားပြီးတော့ ဇာတ်လမ်းပြီးတဲ့အထိ အနိုင်ယူသွားမလားဆိုတာကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်သင့်တဲ့အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်.အဓိကဇာတ်ဆောင်အနေနဲ့ WWE Superstar John Cena ပါဝင်ထားတဲ့ အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်.အရေးပေါ်သူနာပြုတစ်ယောက်ဖြစ်တဲ့ နစ်ခ် မယ်လွိုင် (Randy Orton) ဟာသူအတိတ်မှာလုပ်ခဲ့မိတဲ့ ကိစ္စတစ်ခုကြောင့် အန္တရာယ်များတဲ့ ကစားပွဲတစ်ခုကို ကစားရပါတော့တယ်…. အဲ့ကစားပွဲကို ကြိုးကိုင်တဲ့သူက သူ့မိန်းမကိုပါ ဓားစားခံလုပ်ပြီး ကစားပွဲကို ၁၂ ချီတိတိသေချာအကွက်ချစီစဉ်ပြီးတော့ သူ့ကို ကစားစေပါတယ်. ဒါ့အပြင် ကစားပွဲတစ်ခုချင်းစီတိုင်းမှာလည်း သူတို့ရဲ့ ရည်ရွယ်ချက်တွေရှိနေပြီး အဲဒီရည်ရွယ်ချက်တွေရဲ့နောက်ကွယ်ကအမှန်တရားကဘာလဲဆိုတာကို စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးတင်ဆက်ထားတဲ့ အက်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်.နစ်ခ်ကရော သူ့မိန်းမရဲ့အသက်ကို ကယ်နိုင်ပါ့မလား???ကစားပွဲကို ကြိုးကိုင်တဲ့သူကပဲ အနိုင်ရသွားမလား???အချိန် တစ်နာရီခွဲလောက်ကို တောက်လျှောက်ဆွဲခေါ်သွားနိုင်တဲ့ ရုပ်ရှင်ကားကောင်း တစ်ကားဖြစ်ပါတယ်.အရှေ့ကထွက်ခဲ့တဲ့ 12 Rounds ဇာတ်ကားလိုပဲ ဒီကားမှာလဲ WWE Superstar ဖြစ်တဲ့ကျွန်တော်တို့ငယ်ငယ်က ကြိုက်ခဲ့ရတဲ့ Randy Orton က အဓိက သရုပ်ဆောင်အနေနဲ့ပါဝင်ထားပြီး Scorpion King 3 အပြင် Death Race 2 + 3 တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ RoelReiné ရိုက်ကူးထားတဲ့အတွက် အချိန်ပေးရတာတန်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်.မတော်တဆမှုတစ်ခုကြောင့် တာဝန်ကနေခေတ္တအနားယူလိုက်ရတဲ့ စုံထောက် ဂျွန်ရှောဟာ ရဲဌာနမှာတာဝန်ပြန်လည်ထမ်းဆောင်ချိန်မှာ အရင်ကတွဲဖက်အဖြစ်လုပ်ခဲ့ဖူးတဲ့ စုံထောက် ဘာ့ခ်ရဲ့ မသမာတဲ့ အလုပ်တွေကို မထင်မှတ်ပဲ သိရှိသွားခဲ့ပြီး လုပ်ဖော်ကိုင်ဖက်ဟောင်း နှစ်ယောက် ဘယ်လိုမျိုး ဆက်ပြီးရင်ဆိုင်ကြမလဲ….မသမာတာတွေကိုလုပ်နေတဲ့ ဘာ့ခ်ကရော ဘာအကြောင်းကြောင့် ဒါမျိုးတွေလုပ်နေရသလဲဆိုတာနဲ့ ဂျွန်အနေနဲ့က ဘယ်လိုမတော်တဆမှုမျိုးဖြစ်ထားလို့ တာဝန်ကနေပါအနားယူထားရသလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ အက်ရှင်အကြမ်းစားတွေနဲ့ ဒီကားမှာ ဖော်ပြထားပါတယ်.ဇာတ်လမ်းကြာချိန် ၁ နာရီခွဲလောက်တောက်လျှောက်ကို အက်ရှင်ကြမ်းကြမ်းတွေလှည့်ကွက်တွေနဲ့ ဇာတ်လမ်းပြီးတဲ့အထိ ထိုင်ရာကနေမထပဲ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်.ရှေ့ကထွက်ခဲ့တဲ့ 12 Rounds 1 နဲ့ 12 Rounds 2 တို့လိုမျိုး ဒီကားမှာလဲ WWE Superstar တစ်ယောက်ဖြစ်တဲ့ Jon Moxley က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ၂၀၁၅ ခုနှစ်ကထွက်ရှိခဲ့တဲ့အက်ရှင်ကားကောင်းတွေထဲကတစ်ကားဖြစ်ပါတယ်.