ဒီရုပ်ရှင်က အသက်မပြည့်တဲ့ကလေးငယ်တွေ ကလေးအချင်းချင်း အုပ်စုဖွဲ့အနိုင်ကျင့်လုယက်တဲ့ ဖြစ်ရပ်မှန်ကိစ္စရပ်တွေပေါ်မှာ အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ။ဆွီဒင်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဂိုသန်ဘာ့ဂ်မြို့အလယ်ပိုင်းမှာ အသက် ၁၂နှစ်နဲ့ ၁၄နှစ်ကြားကလေးငယ်တွေ အုပ်စုဖွဲ့ပြီး တခြားကလေးတွေကို အနိုင်ကျင့်လုယက်ခဲ့တာဟာ ၂၀၀၆ခုနှစ်ကနေ ၂၀၀၈ခုနှစ်အတွင်းမှာ သိရှိရတဲ့အကြိမ်ရေပေါင်းလေးဆယ်ခန့်ရှိပါတယ်။ ဒီကလေးတွေက အနိုင်ကျင့်လုယက်တယ်ဆိုပေမဲ့ ရုပ်ပိုင်းဆိုင်ရာအနိုင်ကျင့်တာထက် စကားလုံးတွေနဲ့ ဆွဲဆောင်အကျပ်ကိုင်ပြီး လုယက်ကြတာပါ။ဒီဇာတ်လမ်းမှာဆိုလည်းရွှေ့ပြောင်းလုပ်သားမိသားစုက လူမဲကလေးငါးယောက်အုပ်စုဟာ ကလေးငယ်လေးတွေဆီကနေ အဖိုးတန်ပစ္စည်းတွေကို လုယူတာမျိုးမဟုတ်ဘဲ ငါတို့ရှုံးလို့ပေးလိုက်ရတယ်ဆိုတာမျိုးဖြစ်အောင်နည်းအမျိုးမျိုးနဲ့ လှည့်ပတ်ပြောဆိုပြီး လုယက်တာကို တွေ့ရမှာပါ။ ဒီရုပ်ရှင်ဟာ ၂၀၁၂ခုနှစ်မှာ နော်ဒစ်နိုင်နိုင်ငံများရုပ်ရှင်အဖွဲ့ကပေးတဲ့ ထူးချွန်ဆုကို ဆွတ်ခူးခဲ့သေးတာမို့ ခံစားကြည့်ရှုကြပါဦး။