Social Influencer တစ်ယောက်ဖြစ်တဲ့ Callie က သူနဲ့တွဲနေတဲ့ဘဲတွေတစ်ယောက်ပြီးတစ်ယောက်အကြောင်းကို ဖောက်သည်ချပြီးအင်တာနက်ပေါ်တင်ရင်း နာမည်ကြီးဖို့ကြိုးစားနေတဲ့မိန်းကလေးတစ်ယောက်။ နောက်တော့ သူ အခုခေတ်အင်တာနက်ကမ္ဘာနဲ့အဆက်ပြတ်ပြီး ဖုန်းတောင်မသုံးဘဲ လက်တွေ့ဘဝမှာပဲနေထိုင်တဲ့ ကောင်ချောလေး Leo နဲ့တွေ့ခဲ့တယ်။အင်တာနက်မှာနာမည်ပေါက်ဖို့ကိုပဲစိတ်နှစ်ထားတဲ့ Callie လည်း သူ့page followerတိုးပြီး လူကြိုက်များလာဖို့ရည်ရွယ်ချက်နဲ့ Leo နဲ့ဒိတ်ပြီးLeoရဲ့ အကြောင်းတွေကို ဗီဒီယိုစတင်တော့တာပါပဲ။ အဲဒီမှာ ဖုန်းစွဲနေတဲ့အင်တာနက်ဆယ်လီ Callie နဲ့ ဖုန်းလုံးဝမသုံးဘဲ အင်တာနက်လောကအကြောင်းမသိတဲ့ Leo တို့အချစ်ဇာတ်လမ်း ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာရင်ခုန်စိတ်လှုပ်ရှားစွာဆက်လက်ကြည့်ရှုနိုင်ပါတယ်။