“Stake land” ဒါမှမဟုတ် တံစို့ထိုးနယ်မြေပေါ့…။ခေတ်ကာလအားဖြင့် လူမှုအသိုင်းအဝိုင်းတစ်ခုလုံးရော၊တိုင်းပြည်တွေရော၊ အစိုးရတွေပါမကျန် ဗမ်ပိုင်းယားတွေကြောင့်ပျက်သုဥ်းသွားခဲ့တဲ့အချိန်…။ဒီသွေးစုပ်ဖုတ်ကောင်တွေ စပေါ်လာပြီးနောက်မှာ လူတွေဟာဘေးကင်းအောင်ဆိုပြီး အစုအဝေးနဲ့နေကြပါတယ်…။သို့ပေမဲ့ ဗမ်ပိုင်းယားတွေကလည်း လူ့သွေးနံ့ကိုမိုင်နဲ့ချီအဝေးကနေရနိုင်တာမလို့အစုအဖွဲ့နဲ့နေလေ ကိုယ်သေတွင်းကိုယ်တူးမိဖို့ရာခိုင်နှုန်းများလေဆိုတဲ့အခြေအနေပါ…။ဒီလိုကာလကြီးမှာ ဗမ်ပိုင်းယားတွေကို အံတုပြီး တိုက်ခိုက်နေတဲ့သွေးစုပ်ဖုတ်ကောင်မုဆိုးကြီးနဲ့ကောင်လေးတစ်ယောက်ရှိပါတယ်။သူတို့နှစ်ဦးဟာ ဧဒင်သစ်ဆိုတဲ့ လွတ်လပ်ရာနယ်မြေအသစ်ကိုချီတက်နေကြတာပါ။ဒီနယ်မြေသစ်ကိုမရောက်မီလမ်းမှာဘယ်လိုအခက်အခဲတွေကြုံရမလဲဘယ်လိုဗမ်ပိုင်းယားတွေကြုံရမလဲ၊ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ကြမလဲ…အသက်ရှင်အောင်ရုန်းကန်ခဲ့ကြတာတွေကို စီးမျှောကြည့်ရှုရင်းvimpire hunutervibe မျိုး ၊ survival vibeမျိုးခံစားရမယ့်ဇာတ်လမ်းလေးဖြစ်ပါတယ်…။