Vidhi HD

Vidhi

Crime Thriller HD 2023-11-03 8.3 87 Min

Death Noteမဟုတ်တဲ့ Death Penပါ။ခုလိုပြောလိုက်လို့ ပေါကားလို့ထင်သွားစရာဆိုပေမဲ့ပေါကားမဟုတ်ဘဲ သေချာလေး စေတနာထားရိုက်ကူးတင်ဆက်ထားတာကိုတွေ့မြင်ကြရမှာပါ။ဆူရီယာဆိုတာ ရိုးသားပြီး အပြစ်ကင်းစင်တဲ့ကောင်လေးတစ်ယောက်။‘ကမ္ဘာကြီးဆိုတာ လှပါတယ် ဒါပေမဲ့ မြေခွေးလိုကောင်တွေနဲ့ ဝိုင်းနေတာဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ရိုးသားမှုကိုတော့ လက်မလျော့လိုက်နဲ့နော်…’ဆိုတဲ့ချစ်ခင်ရသူတစ်ဦးရဲ့ နောက်ဆုံးစကားကြောင့်ပဲအကောင်းဆုံးကြိုးစားရှင်သန်နေထိုင်ပါတယ်။သားမိနှစ်ယောက်တည်းရှိတဲ့ဘ၀မှာ အကြွေးနွံနစ်နေတာကြောင့်ချစ်သူရှိရာမြို့လေးဆီ အလုပ်လုပ်ဖို့တက်လာခဲ့ပါတယ်။ကြုံတဲ့ဆန်စက်မှာ ဝင်လုပ်ပေမဲ့ သူ့ကိုနောက်ဆုံးပြောသွားခဲ့တဲ့စကားလိုမြေခွေးတွေဝိုင်းနေတဲ့လောကကြီးကို နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ရပါတော့တယ်။ တစ်ရက်…လမ်းမှာကောက်တွေ့တဲ့ ရွှေရောင်ဘောပင်လေးကို ပြန်ရောင်းစားမယ်ဆိုတဲ့စိတ်နဲ့ သိမ်းထားရာကအစ။အမှန်တရားနဲ့ ကလဲ့စားကြားက မျဉ်းပါးပါးလေးကို သူဘယ်လိုအသုံးချရှင်သန်သွားမလဲဆိုတာ။