HD
Universal Soldier: Regeneration
ပါဆာလန်လွတ်မြောက်ရေးတပ်ဦးဆိုတဲ့ အကြမ်းဖက်အဖွဲ့က ယူကရိန်းနိုင်ငံဝန်ကြီးချုပ်ရဲ့ သားနဲ့သမီးကို ပြန်ပေးဆွဲပြီး ချာနိုဘိုင်းမြို့ပျက်ကြီးက နျူကလီးယားစက်ရုံဟောင်းမှာ ထိန်းသိမ်းထားပါတယ်ယူကရိန်းဝန်ကြီးချုပ်က သူတို့တောင်းဆိုတာမလိုက်လျောရင် အဏုမြူဓာတ်ပေါင်းဖိုကို ဖောက်ခွဲပစ်မယ်လို့ ခြိမ့်းခြောက်ပါတယ်။ သူတို့ဘက်မှာ NGU လို့ခေါ်တဲ့ မျိုးဆက်သစ် Universal Soldierတစ်ဦးလည်းရှိနေပါတယ်။ဇာတ်လိုက်ဖြစ်တဲ့ Luc (ဗန်ဒိန်း)ကတော့ ဆွစ်ဇာလန်မှာ ဒေါက်တာ Flemming ဆိုသူရဲ့ အကူအညီနဲ့ စိတ်ပိုင်းဆိုင်ရာနာလန်ပြန်ထဖို့ ရုန်းကန်နေရပါတယ်။ စက်ရုံကိုသိမ်းပိုက်ပြီး နျူကလီးယားဓာတ်ပေါင်းဖိုပေါက်ကွဲမဲ့ အရေးကို အစိုးရတပ်တွေက ကာကွယ်ဖို့ကြိုးစားပေမဲ့ နောက်ဆုံးပေါ် Universal Soldier ဖြစ်တဲ့ NGU ကြောင့် ရှုံးနိမ့်ခဲ့ရာမှာ မူလလက်ဟောင်း Universal Soldier ဖြစ်တဲ့Luc ရဲ့အကူအညီကိုရယူဖို့ ကြိုးစားရပါတော့တယ်။ဇာတ်လမ်းက pace မြန်ပြီး အက်ရှင် scene များသလို ဗန်ဒိန်းကို သူ့ရဲ့နာမည်ကျော် Luc Devereaux ဇာတ်ကောင်အဖြစ် ပြန်မြင်ရမှာဖြစ်လို့Universal Soldier ရုပ်ရှင်ကားများကို ကြိုက်နှစ်သက်သူများ၊ အက်ရှင်ဇာတ်လမ်းပရိသတ်များ မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။