အိန္ဒိယရုပ်ရှင်ပရိသတ်တို့အတွက် အချစ်ဇာတ်လမ်းလေးတပုဒ် တင်ဆက်ပေးလိုက်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့က မျက်နှာသစ်တွေဆိုပေမဲ့ သွက်လက်ထက်မြတ်တဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူဇာတ်လမ်းမှာ မျောပါသွားစေမှာပါ။အန်ဂျလီဆိုတဲ့ အမျိုးသမီးလေးက ရွာငယ်လေးကနေ မြို့ကြီးကိုတက်လို့ အလုပ်သွားလုပ်ဖို့ရာစိတ်အားထက်သန်တဲ့သူလေး။ အဒေါ်ဖြစ်သူက DDLJထဲက ဆင်မရန်ဘ၀ထဲကို ရာ့ဂျ်ပါလာခဲ့သလိုပါလာပါလိမ့်မယ်တော်လို့ ပြောပေမဲ့ အဖေဖြစ်သူက သမီးဖြစ်သူဆန္ဒအတိုင်း မြို့ကြီးကို စေလွှတ်ခဲ့ပါတယ်။အာဒီတယာဆိုတာ မြို့က ကုမ္ပဏီပိုင်ရှင်သူဌေးလေးတစ်ဦး။မိသားစုဆိုလို့ စိတ်သိပ်မပြည့်တဲ့အစ်ကိုတစ်ယောက်ပဲရှိပြီးအစ်ကိုဖြစ်သူကိုပဲ ဂရုစိုက်ရင်း အချစ်တွေ အိမ်ထောင်ရေးတွေကို စိတ်မဝင်စားတဲ့သူ။အာဒီတယာတို့ ညီအစ်ကိုနှစ်ယောက်တည်းရှိတဲ့ ဘ၀ထဲကို အန်ဂျလီလေး ဝင်လာတဲ့အခါမှာတော့။အချစ်ကို အယုံအကြည်မရှိတဲ့ အာဒီတယာတစ်ယောက် ချစ်တတ်သွားမှာလား။အန်ဂျလီကရော အာဒီတယာကို ချစ်တတ်အောင် သင်ပေးသွားမှာလားဆိုတာအပြင်ကြည်နူးစရာ ရင်နင့်စရာဇာတ်ကွက်များရယ်နဲ့ ခံစားကြည့်ရှုကြပါဦး။